Pages

Thursday, October 10, 2013

နေရောင်ခြည်စွမ်းအင်သုံး ကားပြိုင်ပွဲ သြစတြေးလျတွင် ကျင်းပ



10.10.2013

သြစတြေးလျနိုင်ငံတွင် ၂ နှစ်လျှင် တစ်ကြိမ် ကျင်းပသည့် ကမ္ဘာ့အကြီးမား ဆုံး နေရောင်ခြည် စွမ်းအင် သုံး ကားပြိုင်ပွဲတစ်ခု ကျင်းပခဲ့ရာ ကမ္ဘာ့နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ပြိုင်ပွဲဝင်အသင်းပေါင်း လေးဆယ် တို့က နေရောင်ခြည် စွမ်းအင်သုံး မော်တော်ကားများဖြင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ကားပြိုင်ပွဲ၏ အမည်မှာ Bridgestone World Solar Challenge ဖြစ်ပြီး ဒါဝင်မြို့ မှ အက်ဒ်လိတ်မြို့အထိ ၁,၈၇၇မိုင် ကွာဝေးသည့်ခရီးစဉ်ကို နှစ်ရက်အတွင်း အရောက် ယှဉ်ပြိုင်ကြ ရခြင်း ဖြစ်သည်။

ပြိုင်ပွဲဝင်ကားများအနေဖြင့် 5 Kwh ဘက်ထရီ စွမ်းအင်သာ စတင် သိုလှောင်အသုံးပြုခွင့်ရှိပြီး ပြိုင်ပွဲပြီးဆုံးသည်အထိ လိုအပ်မည့် စွမ်းအင်ကို နေရောင်ခြည်မှ တစ်ဆင့် ရယူအသုံးပြုရခြင်း ဖြစ်သည်။ ပြိုင်ပွဲဝင်ကားများမှာ နေရောင်ခြည် စွမ်းအင်ဖြင့်သာ မောင်းနှင်ရသောကြောင့် အ လင်းရောင်ကောင်းစွာ ရရှိသည့် ညနေ ငါးနာရီအချိန်အထိသာ ယှဉ်ပြိုင်ကြရသည်။ ပူပြင်းသည့် သဲကန္တရ အချို့ကို ဖြတ်ကျော် မောင်းနှင်ရသည့် အဆိုပါ ပြိုင်ပွဲသို့ အာရှတိုက်မှ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ တောင်အမေရိကတိုက်မှ ဘရာဇီးလ်၊ ကိုလံဘီယာ၊ ဥရောပတိုက်မှ ဗြိ တိန်၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်နှင့် အိမ်ရှင် သြစတြေးလျ အပါအ၀င် အသင်းပေါင်း လေးဆယ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

ပြိုင်ပွဲ၌ နယ်သာလန်အသင်း တစ်သင်း ဖြစ်သည့် Delft University က ဦးဆောင်လျက်ရှိပြီး ဂျပန်နိုင်ငံမှ Tokai University အသင်းက ဒုတိယနေရာတွင် ရှိနေသည်။

Automobile Journal

No comments:

Post a Comment