Pages

Tuesday, October 29, 2013

သစ်ပင်တက်ခုတ်သည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

29.10.2013 ဇော်ဇော်ထွေး

တွံတေးမြို့နယ်တွင် သစ်ပင်တက်ခုတ်သည့် အမျိုးသားတစ်ဦး အောက်တိုဘာ ၂၇ ရက်က သစ်ပင်ပေါ် တွင် ဓာတ်လိုက်သေဆုံးခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

အဆိုပါ သေဆုံးမှုကို မွန်းလွဲ ၂ နာရီခွဲအချိန် သတင်းအရ တွံတေးမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြပြီး တွေ့ရှိချက်အရ သေဆုံးသူမှာ ဘုရားကြီးကျေးရွာ မြောက်ပိုင်းနေ လယ်လုပ် ကိုင်သူ ကိုချစ်ကိုကို (၁၈)နှစ် ဖြစ်သည်။

၎င်းသည် မိုးရွာပြီးစအချိန် နေအိမ်ရှေ့လမ်းပေါ်ရှိ သရက်ပင်ပေါ်သို့တက်ကာ အပင်၏ အရှေ့ဘက်တွင် ထွက်နေသော သစ်ကိုင်းကို ခုတ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ထို့နောက် ခုတ်ချနေသော သစ်ကိုင်းမှာ တွံတေးမှ ကော့မှူးမြို့နယ် ဘက်သို့ သွယ်တန်းထားသော လျှပ်စစ် ဆားဗစ် ဓာတ်ကြိုးပေါ်သို့ ပြုတ်ကျပြီး သစ်ကိုင်းမှ တစ်ဆင့် ဓာတ်လိုက်ခဲ့သည်ဟုလည်း တိုင်းရဲဌာန၏ မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

ဓာတ်လိုက်မှုကြောင့် ချစ်ကိုကိုတွင် ယာမျက်ခုံးညိုမဲ၊ ယာပါးညိုမဲ ဒဏ်ရာများ ရရှိကာ သစ်ပင်ခွကြား ၌ သေ ဆုံးနေ သည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။

ထို့ကြောင့် အလောင်းကို တွံတေးဆေးရုံသို့ ပို့အပ်ထားပြီး ဓမ္မတာတိုင်း သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် မြို့နယ်ရဲစခန်းက သေမှုသေခင်းအမှတ် စဉ် ၁၈/၂၀၁၃ဖြင့် အမှုဖွင့်ပြိး စခန်းမှူး ဖြစ်သည့် ဒု-ရဲမှူးသန်းတင့်က စစ်ဆေးနေသည်ဟု သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment