အိန္ဒိယ ကြက်သွန်ဈေးတက်
အိန္ဒိယမှာ
မရှိမဖြစ် အိမ်သုံး ဟင်းခတ် ပစ္စည်းဖြစ်တဲ့ ကြက်သွန်ဈေး မကြုံဖူး အောင်
ထိုးတက် သွားပြီး တခိျု့ နေရာ တွေမှာ တပိဿာကို ဗမာငွေ ၂၆ဝဝ ကျော်ထိ ပေးဝယ်
နေရပါတယ်။
မနှစ်က ဒီအချိန်မှာ ရောင်းတဲ့ ဝယ်တဲ့ဈေး ထက် ၅ ဆ လောက် ကွာကြောင်း လေ့လာသူ တဦးက ပြောပါ တယ်။
ဒီလို ထိုးတက် ရတာက ကြက်သွန်စိုက်တဲ့ ဒေသတွေမှာ အချိန်အခါ မဟုတ်
မိုးအကြီးအကျယ် ရွာသွန်းတာနဲ့ ကုန်သည်တွေ သိမ်းကျုံး ဝယ်လို့ ဖြစ်ကုန်
ရတာလို့ ပြောဆို နေကြ ပါတယ်။
ကြက်သွန်ဈေး ကျဖို့ ကြက်သွန် ပြည်ပပို့တာ တားမြစ်ဖို့ စဉ်းစားနေကြောင်း အိန္ဒိယ အရာရှိ တွေ က ပြောဆို နေကြပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
No comments:
Post a Comment