Pages

Monday, October 14, 2013

ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးနိုင်ခဲ့သည့် တပ်မတော်၏ ဂုဏ်ကို ယူဆောင်ရန် ဦးတင်ဦး မေတ္တာရပ်ခံ


Monday, October 14, 2013

တပ်မတော်၏ ငြိမ်းချမ်းရေး ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟူ သော ဂုဏ်ကိုယူနိုင်ရန် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယကဦးတင်ဦးက အစိုးရတပ် မတော်သို့ မေတ္တာရပ်ခံလိုက် ကြောင်း သိရသည်။ အဆိုပါ မေတ္တာရပ်ခံချက် ကို တပ်မတော်သားတစ်ဦးဖြစ်ခဲ့ ဖူးသည့် ဦးတင်ဦးက အောက်တို ဘာ ၁ဝရက် တော်ဝင်နှင်းဆီခန်း မ၌ပြုလုပ်ခဲ့သော စစ်(ပြည်တွင်း စစ်) ငြိမ်းချမ်းရေးခံစားမှု ကဗျာ စာအုပ် မိတ်ဆက်ပွဲတွင် ပြောခဲ့ ခြင်းဖြစ်သည်။

''စစ်ဘေး သင့်တော့ ဝမ်းနည်း ကြေကွဲစရာတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီနေ့ တပ်မတော်ကို မေတ္တာရပ်ခံချင်ပါတယ်။ တို့ခေတ် မှာ ငြိမ်းချမ်းအောင်ဆောင်ရွက် ပေးနိုင်တယ်ဆိုတာကို ဂုဏ်ယူ စေချင်ပါတယ်။ ဗမာ့တပ်မတော် ကို တည်ထောင် ခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်း ပြောတဲ့အတိုင်းပဲ တပ်မတော်ဆိုတာ လက်နက်နဲ့ ပြည်သူ၊ ပြည်သားတွေကို ဘေး အန္တရာယ်မှ ကင်းရှင်းအောင်လုပ် နိုင်တဲ့ အဖွဲ့အစည်းဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ နိုင်ငံတော် ထဲမှာ စစ်မီးချုပ် ငြိမ်းအောင်လုပ် ရမယ်''ဟု ယင်းကပြောသည်။

တိုင်းရင်းသားများနှင့်ဖြစ်သည့် ပြည်တွင်းစစ်ပွဲအားတိုက် ခိုက်အနိုင်ယူကာ ဂုဏ်မယူသင့် ကြောင်းကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ပညာရေးကွန်ရက်မှ ဒေါက်တာသိန်းလွင်က ''တိုင်းရင်း သားညီအစ်ကို အချင်းချင်းဖြစ် တဲ့ ပြည်တွင်း စစ်ပွဲ မှာ ပစ်လို့ သူ အနိုင်ရတဲ့ဆုရတာမျိုး မဖြစ်စေ ချင်ပါဘူး''ဟု ပြောသည်။

ယင်းကိစ္စများ နှင့်ပတ်သက် ၍ ဒုတိယတပ်ကြပ်၏မိခင်တစ် ဦးက ''ကျွန်မသားလေးဆိုရင် အိမ်မှာ ကြက်တောင် မသတ်ရဲ ဘူး။ ကြက်တစ်ကောင်ရဲ့အသက် တောင်မသတ်ရဲတဲ့ ကျွန်မသား လေးက တာဝန်အရ ပဋိပက္ခနေ ရာတွေ၊ ရှေ့တန်းတွေ၊ နယ်စပ်တွေ ကို သွားရတယ်။ အဲလိုမျိုး သွားရတော့ အဲဒီနေရာမှာ သူ့ အသက်ရှင်နိုင်ဖို့တော့ သူကြိုး စားလိမ့်မယ်လို့ ထင်ပါတယ်''ဟု ပြောသည်။ 

မြန်မာ့တပ်မတော်သည် တိုင်းရင်းသားများအား တိုက်ခိုက် အနိုင်ယူခြင်းထက် ပြည်တွင်းငြိမ်း ချမ်းရေးအတွက် ဆောင်ရွက်ပေး နိုင်သော တပ်မတော်၊ လက်နက် ဖြင့် ပြည်သူပြည်သားများအား အန္တရာယ်ကင်းစေရန် ကာကွယ် နိုင်သော အဖွဲ့ အစည်း တစ်ရပ် ဖြစ်စေလိုသည်ဟုလည်း ဆိုကြ သည်။

သူသူထက်လွင်
Yangon Media Group

No comments:

Post a Comment