Pages

Wednesday, October 9, 2013

ဆီးဂိမ်းရိုးရာလှေပြိုင်ပွဲ မြန်မာရွှေငါးခု ရရှိ



9.10.2013

ဆီး ဂိမ်းအကြို ရိုးရာလှေလှော်ပြိုင်ပွဲ တွင် မြန်မာအသင်းမှရွှေတံဆိပ် ငါးခုရရှိခဲ့ကြောင်း သိရသည်။မြန်မာလှေလှော်အဖွဲ့ချုပ်မှ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံအား ဖိတ်ခေါ်၍ ဆီးဂိမ်းအကြိုရိုးရာ လှေလှော်ပြိုင်ပွဲအား နေပြည် တော် ငလိုက်ဆည်တွင်ကျင်းပခဲ့ ရာ မြန်မာအသင်းမှ ငါးတက်လှေ မီတာ ၅၀ဝပြိုင်ပွဲတွင်ရွှေတံဆိပ် လေးခုနှင့် ၁၀ တက်လှေ မီတာ ၁၀၀၀ ပြိုင်ပွဲမှ ရွှေတစ်ခု၊ ကြေး တစ်ခု ရရှိခဲ့သည်။

ထိုင်းနိုင်ငံမှ ရွှေတံဆိပ်တစ် ခုနှင့် ငွေတံဆိပ်နှစ်ခုရရှိပြီး ကမ္ဘော ဒီးယားအသင်းမှ ကြေးတံဆိပ် တစ်ခုရရှိကြောင်းသိရသည်။(၂၇)ကြိမ်မြောက်ဆီးဂိမ်း ပြိုင်ပွဲကြီးအတွက် လှေလှော်အား ကစားအဖွဲ့ချုပ်မှ အပြီးသတ်ကစား သမား ရွေးချယ်ပွဲအား အောက် တိုဘာ ၁၁ ရက်နှင့် ၁၂ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

လှေလှော်အဖွဲ့ချုပ်မှ ပဏာ မလက်ရွေးစင်ကစားသမား ၁၃၅ဦးအား စခန်းသွင်းလေ့ကျင့် ပေးလျက်ရှိပြီး ရိုးရာလှေ၊ အပြည် ပြည်ဆိုင်ရာလှေ၊ ကနူးကရက်လှေ အားကစားနည်းများအတွက် လက် ရွေးစင်ကစားသမားများ ပြန်လည် ရွေးချယ်မည်ဖြစ်သည်။

Yangon Media Group

No comments:

Post a Comment