Pages

Thursday, October 10, 2013

ကျား၊ မ ခွဲခြားဆက်ဆံမှု မြန်မာနိုင်ငံတွင် ပပျောက်ရန် ခက်ခဲ


Thursday, October 10, 2013

လူမှုပတ်ဝန်းကျင်တွင် ကျား၊ မ ခွဲခြားဆက်ဆံမှု လျော့ချရေး အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်နေသော်လည်း ယခု အချိန်ထိ လျော့ နည်းခြင်း မရှိကြောင်း မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်မှ သိရသည်။

ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့် နယ်ပယ်အသီးသီး ၌ အမျိုးသမီးများ ပါဝင်နိုင်မှုကို ခွဲခြားထားပြီး ကျား၊မ ခွဲခြားမှုလျော့ နည်းစေရန် အရပ်ဘက် အဖွဲ့အစည်းအားလုံးပါဝင်၍ ပညာပေးလုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှသာ ခွဲခြား ဆက်ဆံမှု လျော့နည်းသွားမည်ဖြစ်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ သဘာပတိ အဖွဲ့ဝင် ဒေါ်စောစံငြိမ်းသူက ပြောကြားသည်။

“ကျား၊ မ ခွဲခြားမှုနဲ့ပတ်သတ်ပြီး အသိပညာပေးတာတွေရှိတယ်။ အမျိုးသမီး၊ အမျိုးသားတွေကို နယ်ပယ်တိုင်း
အဆင့်တိုင်းမှာ ပညာပေး နိုင်တဲ့ အခွင့်အလမ်းရှိရင် ခွဲခြားဆက်ဆံမှုတွေ လျော့နည်းလာနိုင်တယ်” ဟု၎င်းက ဆက်လက်ပြောကြားသည်။

ကျား၊ မ ခွဲ ခြားဆက်ဆံမှုသည် နိုင်ငံတိုင်းတွင် ဖြစ်ပေါ်နေပြီးမြန်မာနိုင်ငံ အစိုးရအနေဖြင့် မိမိနိုင်ငံ၏ အမျိုးသမီးအခွင့်
အရေးကို သေချာ သိ နားလည် ရန်လိုအပ်ကြောင်း၊ ယင်းသို့ သိနားလည်မှသာ ကျား၊ မ ခွဲခြားဆက်ဆံမှုအတွက် ဥပဒေ တစ်ရပ် ပြဋ္ဌာန်းနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောကြားသည်။

“ ကျား၊ မ ခွဲခြားမှုဆိုတာ ဘာလဲ အမျိုးသမီးတွေရဲ့ အခွင့်အရေး ဘာလဲဆိုတာ သိရမယ်။ အဲဒါမှ ခွဲခြားမှု ရှိနေတယ်
ဆိုတာ သိမှာ၊ သက် ဆိုင်ရာ အာဏာပိုင်တွေက အသိအမှတ်ပြုဖို့ အရေးကြီးတယ်။ ဒါမှ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်း
နိုင်မယ်” ဟု ၎င်းက ရှင်းပြပြောဆိုသည်။

ခွဲခြားဆက်ဆံမှုနှင့် ပတ်သတ်၍ လူအများ သိရှိနားလည်စေရန် အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်ပေးသင့်
ကြောင်း ကျား၊ မခွဲခြား ဆက်ဆံမှု ပပျောက်စေရန် မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ ကျား၊ မ ခွဲခြားဆက်ဆံမှု သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်းတိုင်းပြည်တွင် ဆင်းရဲမွဲတေမှု များနေခြင်း၊ လူတန်းစားမညီမှုခြင်း စသည့်အခြေခံ အကြောင်းအရာများကြောင့်ယင်းစာချုပ်သည် ယခုတိုင် အသက်မ၀င် ဖြစ်နေသေး
ကြောင်း ဒေါ်ညိုညိုသင်းက ဆက်လက်ပြောကြားသည်။

ကျား၊ မ ခွဲခြားဆက်ဆံမှုများကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပဋိပက္ခများ ဖြစ်ပေါ်စေကြောင်း သုတေသနစာတမ်းများ၊ ထုတ်ပြန်ချက်များ အရ သိရသည်။

ရေးသားသူ - မေလွင်

People power(ညနေခင်းသတင်းစာ)

No comments:

Post a Comment