Pages

Wednesday, October 23, 2013

ဖွဲ.စည်းပုံ ပြင်ဆင်ရန် ဒေါ်စု ပြော




မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အားကောင်းလာစေရန် နိုင်ငံရေးတွင် စစ်တပ်၏ အထူးနေရာကို ရပ်ဆိုင်းရန် အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်လိုကြောင်း အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြင်သစ်နိုင်ငံသို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်ဟု Bloomberg သတင်းဌာန က ဖော်ပြခဲ့သည်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်တပ်သာမက ယခင်အစိုးရနဲ့ ဆက်စပ်ခဲ့ဖူး သူတွေရဲ့ အထူးအခွင့်အရေးတွေကို ဆက်လက်ထိန်းသိမ်း ပေးထားပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်နိုင်ငံ Strasbourg မြို့တွင် အောက်တိုဘာ ၂၂ ရက်က ဥရောပလွှတ်တော် ကော်မတီနှစ်ရပ်နှင့် တွေ့ဆုံချိန်၌ ပြောကြားသည်။

"တကယ်စစ်မှန်တဲ့ ဒီမိုကရေစီ မရမီ ကျွန်မတို့ အဝေးကြီး သွားရပါဦးမယ်။ ပြီးတော့ ကျွန်မတို့ အနေနဲ့ ဒီလိုဒီမိုကရေစီ လုံးဝမကျတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း စတင်ပြင်ဆင် ရပါမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

EMG

No comments:

Post a Comment