Pages

Tuesday, October 15, 2013

ရမ်ဆေး၏ လက်ရှိ ကစားပုံအတွက် ဘယ်လာမီ ကျေနပ်အားရနေ


Tuesday, October 15, 2013

အာဆင်နယ် အသင်းအတွက် ယခုရာသီ အေရွန်ရမ်ဆေး ကစားပေးနေသည့် ခြေစွမ်းကို အလွန် အားရ ပီတိဖြစ်မိကြောင်း ကရိတ်ဂ်ျ ဘယ်လာမီက ပြောကြားလိုက်သည်။

ဝါရင့် ဝေလ လက်ရွေးစင်ကြီး ဘယ်လာမီက လက်ရှိ ဝေလ လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင်လေး၏ တက်လှမ်းမှုများကို အထင်ကြီး သဘောကျလျှက် ရှိနေသည်။ အသက်(၂၂)နှစ်ရှိ ရမ်ဆေးသည် ယခုရာသီ အာဆင်နယ်တွင် (၁၄)ပွဲ ကစားကာ (၉)ဂိုး သွင်းထားပြီး စက်တင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့သည်။ ဘယ်လာမီသည် သောကြာနေ့က မက်စီဒိုးနီးယားနှင့် ပွဲစဉ်တွင် ဝေလ လက်ရွေးစင် အသင်းအတွက် ဒုတိယ နောက်ဆုံးပွဲစဉ်ကို ကစားပေးခဲ့သည်။

ဘယ်လာမီက "ရမ်ဆေးဟာ ဝေလအသင်းအတွက် တကယ့် အနာဂတ်ပါပဲ။ လက်ရှိ ဝေလ အသင်းရဲ့ စုဖွဲ့မှုဟာ မျှော်လင့်စရာ၊ အောင်မြင်မှုတွေအတွက် ယုံကြည်ချင်စရာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ရမ်ဆေးဟာ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ကောင်းသထက်ကောင်းအောင် တည်ဆောက်ဖို့ လိုပါတယ်။ သူဟာ အရည်အသွေး အတော်များများမှာ ရှေ့ဆက် တိုးတက်လာနိုင်တဲ့ ကစားသမားပါ"ဟု ဆိုသည်။ ကားဒစ်ဖ်စီးတီး အသင်း၏ တိုက်စစ်သမားကြီးက "ရမ်ဆေးဟာ အသက်ငယ်ပါသေးတယ်။ ဒါပေမဲ့ လက်ရှိ သူ့ကစားပုံက တကယ့် ထိပ်တန်းအဆင့်ပါပဲ။ သူဟာ မယုံနိုင်လောက်အောင် ထူးချွန်သူပါ။ နောက်ထပ် နှစ်ပေါင်းများစွာ ဒီလို စွမ်းဆောင်နေဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်က သူ့ရဲ့ အမာခံ ပရိသတ်ပါ။ သူအောင်မြင်နေတာကို သိပ်ဝမ်းသာပါတယ်"ဟုလည်း ဆက်လက် ပြောကြားသွားသည်။

Soccer Myanmar

No comments:

Post a Comment