Pages

Saturday, October 12, 2013

ကိုကိုကြီး ခေါင်းဆောင်သည့် ၈၈မျိုးဆက်များ ရခိုင်ပြည်နယ် သံတွဲမြို့ ဖြစ်စဉ် ကွင်းဆင်း ခရီးစဉ်


ရန်ကုန်မြို့မှရခိုင်ပြည်နယ်သံတွဲမြို့သို့ အောက်တိုဘာလ၊ ၈ ရက်က လေကြောင်းခရီးဖြင့်ထွက်ခွာသွားခဲ့ကြသော ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ၈၈ မျိုးဆက်ခေါင်းဆောင်ကိုကိုကြီး နှင့် စမ်းချောင်း ကိုကိုကြီး၊ မနီလာသိန်းနှင့် မမီးမီးတို့သည် အောက်တိုဘာလ၊ ၉ ရက် နံနက် ၈း၀၀နာရီတွင် သံတွဲမြို့ဆံတော်ဘုရားသို့သွားရောက် ဖူးမြော်ကြပြီ သိမ်ကုန်းပရိယတ္တိစာသင်တိုက်ဆရာတော်နှင့်တွေ့ဆုံ၍ သံတွဲမြို့အခြေအနေများကိုဆွေးနွေးခဲ့ကြသည်။နံနက် ၉း၀၀ နာရီတွင် အံတော်စေတီသို့သွားရောက်ဖူးမြော်ပြီး ဘုရားကြီးကျောင်းတိုက်ဆရာတော်နှင့် လည်းကောင်း၊ နံနက် ၉း၄၅ နာရီတွင် အောင်မြေသာစည် ပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် လည်းကောင်းတွေ့ဆုံ၍ သံတွဲမြို့ အခြေအနေ အရပ်ရပ် ကို မေးမြန်းဆွေးနွေးလျှောက်ထားခဲ့ကြသည်။ ယင်းနောက် နံနက် ၁၁း၃၀ နာရီ တွင် နံတော်တောင်စေတီသို့ သွားရောက်ဖူးမြော်ခဲ့ကြပြီး မွန်းလွဲ ၂း၀၀နာရီတွင် သံတွဲထောင်သို့သွားရောက်ကာ ဖမ်းဆီးခံထားကြရသူ များနှင့် တွေ့ဆုံ ခဲ့ကြကာ ၄င်းတို့အခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ကြသည်။ မွန်းလွဲ ၃း၀၀နာရီတွင် သံတွဲမြို့ရှိ ဦးခင်မောင်ရီ နေအိမ်၌ အစ္စလာမ်ဘာသာဝင်များနှင့်တွေ့ဆုံခဲ့ကာ ညနေ ၅း၀၀နာရီတွင် သိမ်ကျောင်းကျောင်းတိုက်၌ သံတွဲမြို့မြို့မိ၊မြို့ဖများနှင့်ဒေသ ခံများနှင့်တွေ့ဆုံခဲ့ကြသည်။အောက်တိုဘာလ၊ ၁၀ ရက်နံနက် ၉း၀၀နာရီတွင် ပေါက်တော၊ ရွှေလှေရွာ သို့လည်းကောင်း၊ နံနက် ၁၀း၁၅နာရီတွင် ငလျင်တောင်ကျောင်း၊ သပြုချိုင် သို့လည်းကောင်းနေ့လည် ၁၂း၀၀နာရီတွင် သပြုချိုင်ရွာရှိ ဆွန်နီဗလီကျောင်းသို့လည်းကောင်း၊ မွန်းလွဲ ၁၂း၂၀ တွင် လင်းသီကျေးရွာ သို့လည်းကောင်း သွားရောက် ခဲ့ကြပြီး ဒေသခံ များနှင့်တွေ့ဆုံကာ အခြေအနေအရပ်ရပ်ကို တွေ့ဆုံမေးမြန်းလေ့လာခဲ့ကြသည်။ မွန်းလွဲ ၂း၀၀နာရီတွင် သံတွဲခရိုင် အုပ်ချုပ်ရေးမှူးရုံး သို့သွားရောက်ကာ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ဥပဒေအရာရှိ၊ ခရိုင်မြေစာရင်းဦးစီးမှူး၊ ခရိုင်စီမံကိန်း ဦးစီးမှူး၊ ခရိုင်ရဲမှူးကြီးတို့နှင့်တွေ့ဆုံခဲ့ကာ မွန်းလွဲ ၃း၃၀နာရီတွင် သံတွဲမြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဒဏ်ရာရသူများကိုကြည့်ရှုခဲ့ကြသည်။အောက်တိုဘာလ၊၁၁ရက်၊နံနက်၁၀း၅၀တွင် ကျော့ပိုက်လုပ်ငန်းရှင်များအသင်း(ဂျိတ္တောရွာ)
နှင့်လည်း လေဆိပ်စားသောက်ဆိုင်တွင်တွေ့ဆုံခဲ့ကြသည်။

No comments:

Post a Comment