Pages

Wednesday, October 2, 2013

တောင်လေးလုံးကျောင်းတိုက်တွင် ငြိမ်းချမ်းရေးစာဆို ဒဂုန်တာရာ အထိမ်းအမှတ် သုံးဖက်မြင်ကျောက်စာတိုင် ပြုလုပ်မည်

2.10.2013

လွန်ခဲ့သည့် တစ်လကျော်က ကွယ်လွန်ခဲ့သော ငြိမ်းချမ်းရေးစာဆိုနှင့် ကဗျာဆရာကြီး ဒဂုန်တာရာ အထိမ်းအမှတ် သုံးဖက်မြင်ကျောက်စာတိုင်ကို မန္တလေး မြို့တော်မှ စာပေအနုပညာရှင်များ ပူးပေါင်း၍ ယခုနှစ်အတွင်းအပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း အဆိုပါ စီစဉ်သူများထံမှ စုံစမ်းသိရှိရသည်။
"မန္တလေးမြို့ တောင်သမန် အင်းစောင်းက စာရေးဆရာ ကိုပညာရဲ့ တောင်လေးလုံး ကျောင်းတိုက်မှာ အမှတ်တရ စိုက်ထူသွားမှာ"ဟု ယင်း အစီအစဉ်တွင်ပါဝင်သူ စာရေးဆရာရွှေနောင်ရိုးက ပြောကြားသည်။

ကွယ်လွန်သွားကြသည့် စာရေးဆရာ ပညာရှင်များဖြစ်သည့် ညိုမြ၊ မြသန်းတင့်၊ ဒေါက်တာသန်းထွန်း၊ တင်မိုး၊ တက္ကသိုလ်မောင်စောလွင်၊ နီမောင် (အင်းဝ)၊ ခင်နှင်းယုစသည့် စာပေပညာရှင်ကြီး များ၏ အထိမ်းအမှတ် ကျောက်စာတိုင်၊ အထိမ်းအမှတ်အုတ်ခုံ၊ အထိမ်းအမှတ် ရေချမ်းစင်၊ အထိမ်း အမှတ်သစ်ပင်များကို ယင်းတောင်သမန်အင်းစောင်း တောင်လေးလုံးကျောင်း တိုက်တွင် စိုက်ထူထားကြောင်း ယင်းတောင်လေးလုံး ကျောင်းတိုက်ထံမှ သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်းစောင်း တောင်လေးလုံး ကျောင်းတိုက်တွင် ပြုလုပ်မည့် စာရေးဆရာကြီး ဒဂုန်တာရာ ၏ သုံးဖက်မြင် ကျောက်စာတိုင် တည်ထားနိုင်ရေး အတွက် အလှူငွေများ ထည့်ဝင်နိုင်ကြောင်း ယင်းစီစဉ်သူများထံမှ သိရှိရသည်။

အောင်ပန်းမြို့တွင်လည်း ဆရာကြီး ဒဂုန်တာရာအမှတ်တရ ဂူဗိမာန် တည်ဆောက်သွားမည်ဖြစ်သည်။

ငြိမ်းချမ်းရေးစာရေးဆရာ ဒဂုန်တာရာကို ၁၉၁၉ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ဖခင်ဦးဘအုန်း၊ မိခင်ဒေါ်ဖွားရှင် တို့မှ ကျိုက်လတ်မြို့နယ် ထိုင်ကူမြစ်တန်း ကျေးရွာတွင် မွေးဖွားပြီး ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက် နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ ၌ ကွယ်လွန်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment