Pages

Monday, October 21, 2013

သတင်းကျွတ်မီးပူဇော်ရန် ပြုလုပ်စဉ် အသက် ( ၇၂ )နှစ်အရွယ် အဘိုးတစ်ဦး ဓာတ်လိုက်သေဆုံး

စစ်ကိုင်း၊ အောက်တိုဘာ ၂၀

စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်တွင် မနေ့က သီးတင်းကျွတ်လပြည့် မီးထွန်းရန် မီးသီးကြိုးများ သွယ်တန်းသူ အဘိုးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ပြည်သူ့ဆေးရုံရှိ အရေးပေါ်လူဌာနမှ ယနေ့တွင် ပြောကြားလိုက်သည်။အဆိုပါ ဓာတ်လိုက်သေဆုံးသူမှာ ဦးထွန်းဝင်း အသက်(၇၂)နှစ် ဆိုသူဖြစ်ကြောင်း ၎င်းဌာနရှိ ကျန်းမာရေး ၀န်ထမ်းတစ်ဦးမှ မမ္ဖျိမ သတင်းဌာနသို့ အတည်ပြုပြော ကြားသည်။


ထိုသို့သော လူသေဆုံးမှုနှင့်ပတ်သက်၍လည်း စစ်ကိုင်းမြို့မ ရဲစခန်းရှိ ဒုရဲအုပ် နေလင်းထက် ဆိုသူမှ ဆေးရုံသို့ သွားရောက်၍ စစ်ဆေးဆောင်ရွက်ခဲ့ရသည်ဟု ရဲဝန်ထမ်းတစ်ဦးမှ ဆိုသည်။
ယင်းကဲသို့ စစ်ဆေးရာတွင် သေဆုံးသူ၏ လက်ယာဘက် လက်ဖမိုးနှင့် လက်မအကြားနေရာတွင် မီးလောင်ဒဏ်ရာ အနည်းမျှတွေရှိခဲ့ရသည်ဟု ၎င်းရဲစခန်း၏ သေမှုသေခင်းမှတ်တမ်းများတွင်း ဆက်လက်၍ ဖော်ပြထားကြောင်း သိရသည်။ထိုသူသေဆုံးရသည့် အကြောင်းအရင်းသည် သီးတင်းကျွတ်လပြည့်နေ့ည မီးပူဇော်ရန်အတွက် နေအိမ်ရှေ့တွင် မီးသီး၊ မီးကြိုးများအား ၎င်းကိုယတိုင်သွယ်တန်းခဲ့ရာ သွပ်နန်းကြိုးမှတဆင့် လျှပ်စီးဝင်ရောက်ပြီး ဓာတ်လိုက်သဖြင့် ကုလားထိုင်ပေါ် မှ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်များအရ သိရသည်။


ထို့ကြောင့် ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၆/ ၂၀၁၃ အရ အမှုရေဖွင့်ခဲ့ပြီး ထိုအမှုကို ခေတ္တ ရဲစခန်းမှူး ရဲအုပ် ဌေးဝင်းဆိုသူမှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း၊ ကိုတိုးကြီး

No comments:

Post a Comment