Pages

Wednesday, October 16, 2013

အကြောရောဂါသည် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ

Wednesday, October 16, 2013

ဒလမြို့နယ်တွင် ကျန်းမာရေး မကောင်းသော အကြောရောဂါဝေဒနာရှင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရဟုဆိုကာ အမှုဖွင့် တိုင်တန်းမှု တစ်ခုကို အောက်တိုဘာ ၁၄ ရက်တွင် ရဲစခန်းက အမှုဖွင့်စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါအမှုကို ဒလမြို့နယ်၊ ရပ်ကွက်တစ်ခုရှိ ကာယကံရှင်၏ အစ်မဖြစ်သူက အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။

သူမသည် တစ်ခြံတည်းနေ ၃၂ နှစ်အရွယ်၊ ကျန်းမာရေးမကောင်း၊ အကြောရောဂါရှိသည့် ညီမအငယ် ဆုံးဖြစ်သူကို နေ့လယ်စာ ကျွေးပြီး နေအိမ်သို့ ပြန်လာကာ နေ့လယ်ဘက်တွင် ခေတ္တအိပ်စက်ခဲ့ချိန် မွန်းလွဲ ၁ နာရီခွဲတွင် တူမဖြစ်သူ ကလေးတစ်ဦးက လာရောက်၍ ညီမဖြစ်သည့် အကြောရော ဂါ ဝေဒနာရှင် မှာ ငိုနေကြောင်း ပြောပြသဖြင့် စုံစမ်း မေးမြန်းခဲ့သည်ဟုလည်း မှုခင်းမှတ်တမ်း တွင် ဖော်ပြထားသည်။

ညီမဖြစ်သူအား ကို------(၃၆)နှစ်၊ လက်သမား၊ အမှတ်မရှိ ဒလမြို့နယ်နေသူက လက်ကိုချုပ်၍ မအော်ရန် ခြိမ်းခြောက်ပြီး အဓမ္မ ပြုကျင့်ခဲ့သည်ကို သိရှိရသည်ဟုလည်း တရားလိုက တိုင်တန်း လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ဒလရစခန်းက (ပ)၄၆၆/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူအား စခန်းမှူးက ဖမ်းဆီး စစ်ဆေးနေပြီး ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

No comments:

Post a Comment