22-10-2013
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာတွင်
နေခြည်စွမ်အင်သုံး ဆိုလာပြားတဆင့် ဘက္ထရီအိုးအားသွင်းခဲ့ ရာ လူတစ်ဦး
လျှပ်စစ်ဓာတ်လိုက်သဖြင့် သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်
ပြည်သူ့ ဆေးရုံကြီး မှ ယနေ့တွင် အတည်ပြုပြော ကြားလိုက်သည်။ဆိုလာပြားမှတဆင့် ဓာတ်လိုက်သေဆုံးသူ မှာ မောင်မင်း(ခ)ကိုမင်း
အသက်(၂၆)နှစ်ဆိုသူဖြစ်ကြောင်း ထိုဆေးရုံရှိ ကျန်းမာ ရေးဝန်ထမ်းတစ်ဦးမှ
ဆက်လက်၍ ပြောပြသည်။
ခင်ဦးမြို့မရဲစခန်း၏ သေမှုသေခင်းမှတ်တမ်းများတွင်
ယခုလ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့် အဆိုပါ ဓာတ်လိုက်သေ ဆုံးသူအား
မှုခင်းဆေးစာထင်မြင်ချက်ရယူနိုင်ရန်အတွက် မြို့မရဲစခန်းမှ ဒုရဲအုပ် ခင်မောင်နှင့်အဖွဲ့သည် ဆေးရုံသို့သွား ရောက်ခဲ့ကြောင်း ရဲဝန်ထမ်းတစ်ဦးမှ ဆိုသည်။သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ အဆိုပါ ဓာတ်လိုက်သေဆုံးသူသည် ထိုသူ၏
ဝဲလက်လက်ညိုးနှင့် လက်ခလယ်တို့ အကြားနေရာ၌
အရေပြားဖုယောင်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။
သေဆုံးသူ၏ ကျန်ရစ်ခဲ့သည့်
မိသားစုဝင်များ၏ ပြောပြချက်များအရ ကိုမင်းသည် နေရောင်ခြည်စွမ်း အင်သုံး
ဆိုလာပြားမှ တဆင့် ဘက္ထရီးအိုးကို အားသွင်းရန် ချိတ်ဆက်နေစဉ်
ဓာတ်လိုက် ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာသို့ ပြောပြခဲ့သည်။
ထိုသို့သော
ဓာတ်လိုက်၍ လူသေဆုံးခဲ့သဖြင့် ခင်ဦးမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်
၉/ ၂၀၁၃ အရ အမှုဖွင့် ဆောင်ရွက်ခဲ့သဖြင့် ရဲစခန်းမှူး ဒုရဲမှူး ဘိုဘိုထွဋ်
ဆိုသူမှ ထိုအမှုကို ဆက်လက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရသည်။ဒေသတွင်း၌ ယင်းကဲသို့ သော အလားတူဖြစ်စဉ်များ ထပ်မံပေါ်ပေါက်ခြင်းမရှိစေရန်
နေရောင်ခြည်စွမ်းအင်းသုံး ဆိုလာပြား များအား ဒေသခံပြည်သူများမှ
သုံးစွဲမည်ဆိုပါက လျှပ်စစ်ဓာတ်လိုက်မှု ဘေးအန္တရာယ်မှ ကင်းဝေးစေရန် ပညာပေးဟော
ပြောမှုများကို သက်ဆိုင်ရာမှ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
သတင်း၊ ကိုတိုးကြီး၊ချင်းတွင်း
No comments:
Post a Comment