Pages

Wednesday, October 30, 2013

သမ္မတ ဦးသိန်းစိန် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

30.10.2013

အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူရေးညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ၂၉ရက်က နေပြည်တော် ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟို(၁)၌ ကျင်းပခဲ့ပြီး သမ္မတဦးသိန်းစိန် တက်ရောက် အမှာစကား ပြောကြား ခဲ့ကြောင်း အောက်တိုဘာ ၂၉ ရက် နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်မှုအရ သိရသည်။

အမှာစကားပြောကြားရာတွင် သမ္မတ ဦးသိန်းစိန်က အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခြင်းသည် နိုင်ငံတကာနှင့် ဒေသတွင်းတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ၊ ဇာတိမာန် များကို ပြသနိုင်ရန် အခွင့်အလမ်းဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ တာဝန်ယူခြင်းကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ထမ်းဆောင်စေလိုကြောင်း စသည်ဖြင့် ထည့်သွင်း ပြောကြားသည်။

ဒီမိုကရေစီ ကျင့်သုံးသည့် သုံးနှစ်တာ ကာလအတွင်း ဒေသ တွင်းနှင့် နိုင်ငံတကာ အစည်းအဝေးကြီးများ အောင်မြင်စွာ ကျင်းပနိုင်သည်ကို ကမ္ဘာကို ပြသရမည် ဖြစ်ကြောင်း . . .

ထို့ပြင် နိုင်ငံကို ကိုယ်စားပြု၍ တာဝန် ထမ်းဆောင်ခွင့် ရခြင်း ဖြစ်သည့်အတွက် အစိုးရသာမက အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် နိုင်ငံသူ နိုင်ငံသားများက အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပူးပေါင်း ဆောင်ရွက်သွားရန် လိုကြောင်း၊ အစည်းအဝေးများကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းဖြင့် နိုင်ငံ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို ပြသနိုင်မည့် အခွင့်အရေးဖြစ်ကြောင်း၊ ဒီမိုကရေစီ ကျင့်သုံးသည့် သုံးနှစ်တာ ကာလ အတွင်း ဒေသ တွင်းနှင့် နိုင်ငံတကာ အစည်းအဝေးကြီးများ အောင်မြင်စွာ ကျင်းပနိုင်သည်ကို ကမ္ဘာအား ပြသရမည်ဖြစ်ကြောင်း စသည်ဖြင့် နိဂုံးချုပ်စကားတွင် ထည့်သွင်း ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်က ဘရူနိုင်းနိုင်ငံထံမှ လွှဲပြောင်းရယူခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ စတင် တာဝန်ထမ်းဆောင် ရမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၀၆ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရန် အခွင့်အလမ်းပေါ် ခဲ့သော်လည်း ထိုစဉ်က မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေအရ မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ပေးသည်နှင့် အာဆီယံနှင့် ဆက်နွယ်သော ကိစ္စရပ်များအားလုံးကို အမေရိကန်နှင့် ဥရောပနိုင်ငံများက သပိတ်မှောက်မည်ဟု ဆိုခြင်းကြောင့် လက်လွှတ်ခဲ့ရသည်။

Eleven Media Group

No comments:

Post a Comment