Pages

Thursday, October 31, 2013

လာမည့် ဆီးဂိမ်းအတွက် လုံခြုံရေးဆောင်ရွက်ရန် ရှေ့ပြေး ဆိုင်ကယ်အစီး ၁၅၀ စီစဉ်ဆောင်ရွက်ထား

31.10.2013

လာမည့်ဆီးဂိမ်းအားကစား ပွဲတော်အတွက် လုံခြုံရေးဆောင် ရွက်ရန် ရှေ့ပြေးမော်တော်ဆိုင် ကယ် အစီး ၁၅ဝကို သတ်မှတ်ချိန်အ တွင်းရောက်ရှိအောင် စီစဉ်ဆောင် ရွက်နေပြီး ဆူဇူကီးရှေ့ပြေးဆိုင် ကယ် အစီး ၁ဝဝကို ထပ်မံဖြည့် ဆည်းဆောင်ရွက် ထားပြီးဖြစ် တယ် ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဗိုလ်မှူး ချုပ်ကျော်ဇံ မြင့်က အောက်တိုဘာ ၂၈ရက် ပြည်သူ့လွှတ်တော် အစည်းအ ဝေးအဋ္ဌမပုံမှန် အစည်းအဝေး ၁၅ရက်မြောက်နေ့ အစီအစဉ် တွင် ချောက်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း လွင်၏ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းဆိုင်ရာများနှင့်ပတ် သက်သော မေးမြန်းမှု များအပေါ် တွင် ထည့် သွင်းဖြေကြားခြင်းဖြစ် သည်။

၎င်းအပြင် ဒုတိယဝန်ကြီး မှ ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း နိုင်ငံတော်အဆင့် အခမ်းအနား များတွင် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းထိန်းသိမ်းရေးနှင့် အ ရေးကြီးပုဂ္ဂိုလ်ခရီးစဉ်များတွင် လမ်းကြောင်း ရှင်းရှေ့ပြေးတာ ဝန်များ ထမ်းဆောင်နိုင်ရန် ရှေ့ ပြေးမီးတန်း(ဆလွန်း)ယာဉ် ၂၀ စီး၊ လမ်းရှင်းလမ်း ပိတ်ယာဉ်ငယ် အစီး ၃ဝနှင့် ရှေ့ပြေးမော်တော်ဆိုင် ကယ်အစီး၎ဝ ကို နေပြည်တော်နှင့် ရန်ကုန်တွင် အသင့်စုဖွဲ့ထားရှိပြီး ဖြစ်ကြောင်း၊ ၎င်းအပြင် သာမန် ခရီးစဉ်နှင့် လမ်းကြောင်းတာဝန် ထမ်းဆောင် ရန် ရှေ့ပြေးမီးတန်း (ဆလွန်း)ယာဉ် ၂၅စီး၊ ရှေ့ပြေး မော်တော် ဆိုင်ကယ် ၁၈၄စီး ထားရှိပြီးဖြစ် ပါကြောင်းပြော ကြားခဲ့သည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့တိုးချဲ့ ရေးနှင့်ပတ်သက်ပြီး ၂၀၁၃ခုနှစ် ဇန်နဝါရီ ၁ရက်မှစ၍ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး တပ်ဖွဲ့ခွဲသုံးခု၊ ဒု တပ်ဖွဲ့ခွဲမှူးရုံး ၁၅ခု၊ ယာဉ်ထိန်း သင်တန်းကျောင်းတစ်ကျောင်း၊ တပ်ဖွဲ့စု ၆၅စုဖြင့် ယာဉ်ထိန်းလုပ် ငန်းများဆောင်ရွက်လျက်ရှိ ကြောင်း၊ ယင်းအပြင်ဆက်သွယ် ရေးစက်၂၃လုံး ဝယ်ယူဖြည့် တင်း ထားကြောင်း၊ အရေးကြီးပုဂ္ဂိုလ် လမ်းကြောင်းများနှင့် ယာဉ်လမ်းရှင်း ယာဉ်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက် ရန် ဆက် သွယ်ရေး စက် များကို ဘဏ္ဍာရေးနှစ်အလိုက် ဝယ်ယူဖြည့် တင်းသွား ရန် စီစဉ် ထားရှိပြီးဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

Yangon Media Group

No comments:

Post a Comment