18/10/2013
တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသော ကျောင်းသူ၊ ကျောင်းသား များ လျှောက်ထားနိုင်မည့် ပညာသင် ထောက်ပံ့ကြေးများ အကြောင်းနှင့် ဘွဲ့ရရှိထားပြီးသော ကျောင်းသူ၊ ကျောင်းသားများ လျှောက်ထားနိုင်မည့် ပညာသင်ဆုများအကြောင်း ပညာရေး ဆွေးနွေးပွဲကို လာမည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ရန်ကုန်မြို့တော်ရှိ Dimensions Education Center တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါစင်တာထံမှ သိရသည်။
ထိုဆွေးနွေးပွဲတွင် စင်ကာပူနိုင်ငံရှိ Dimensions International College နှင့်ပတ်သက်သည် များကို ဆွေးနွေး မည် ဖြစ်ပြီး မြန်မာကျောင်းသူ၊ ကျောင်းသားများ လျှောက်ထားနိုင်မည့် Study Grant များ၊ Scholarship များ၊ ကျောင်းပြီးပါက ရရှိနိုင်မည့် အလုပ်သင် အခွင့်အလမ်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ အကြောင်းကိုလည်း အသေးစိတ် ရှင်းလင်း ပြောကြားပေးသွားမည် ဖြစ်ကြောင်း၊ စိတ်ပါဝင်စားသူများသည် Dimensions Education Center ဖုန်း ၀၉-၄၅၀၀၄၄၁၁၇၊ ၀၉-၄၂၁၀၇၆၈၅၈၊ ၀၉-၄၀၁၅၇၇၁၄၈ သို့ ကြိုတင် စာရင်းပေးသွင်း တက်ရောက် မေးမြန်းနိုင်ကြောင်း အဆိုပါ စင်တာထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment