Pages

Tuesday, October 1, 2013

နယူးယော့ခ် မာရသွန်တွင် ပါဝင်ယှဉ်ပြိုင်မည့် ပင်မလာအန်ဒါဆန်


Tuesday, October 1, 2013

နိုဝင်ဘာလ (၃)ရက်နေ့တွင် ကျင်းပမည့် (၂၆)မိုင် ခရီးရှည် ပြေးပွဲကြီးသည် ဟောလီးဝုဒ် မင်းသား ရှောင်ပိန်း ၏ ဟေတီဒုက္ခသည်များ ကူညီထောက်ပံ့ရေး အဖွဲ့အတွက် ရန်ပုံငွေများ ရရှိရန်လည်း ရည်ရွယ်သည်။

ပင်မလာ အန်ဒါဆန်က သူမအနေဖြင့် နယူးယော့ခ် မာရသွန် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဟု အတည်ပြု ကြေညာလိုက်သည်။ Bay Watch ဇာတ်လမ်းတွဲများဖြင့် နာမည်ကြီးခဲ့သည့် မော်ဒယ်လ်က ပြိုင်ပွဲ၏ ပုံရိပ်ကို မြှင့်တင်ရန် အကူအညီ ပေးသွားမည်ဟု သိရှိရသည်။ နိုဝင်ဘာလ (၃)ရက်နေ့တွင် ကျင်းပမည့် (၂၆)မိုင် ခရီးရှည် ပြေးပွဲကြီးသည် ဟောလီးဝုဒ် မင်းသား ရှောင်ပိန်း၏ ဟေတီဒုက္ခသည်များ ကူညီထောက်ပံ့ရေး အဖွဲ့အတွက် ရန်ပုံငွေများ ရရှိရန်လည်း ရည်ရွယ်သည်။ ပင်မလာနှင့် ရှောင်တို့မှာ ခင်မင်ရင်းနှီးသူများ ဖြစ်ကြပြီး ပင်မလာက အားတက်သရော ဝင်ရောက်ကူညီခြင်း ဖြစ်သည်။ သူမအနေဖြင့် ရှောင်၏ ပရဟိတ အဖွဲ့အစည်းအတွက် ရန်ပုံငွေ ဒေါ်လာငါးသိန်းမျှထိ ရှာဖွေပေးနိုင် ရန် မျှော်လင့်နေသည်။

အသက်(၄၆)နှစ်ရှိ ပင်မလာက Twitterတွင် သူမ၏ ပြိုင်ပွဲဝင် အစီအစဉ်ကို အတည်ပြု ရေးသားခဲ့သည်။ "ဒီနှစ် နယူးယော့ခ် မာရသွန် ပြိုင်ပွဲမှာ ကျွန်မဝင်ပြေးပါမယ်။ ဒါဟာ ဟေတီဒုက္ခသည်များ ကူညီထောက်ပံ့ရေး ရန်ပုံငွေကို မြှင့်တင်ချင်လို့ပါ"ဟု ပင်မလာက Twitterတွင် မျှဝေထားသည်။ သူမက "ဟေတီမှာ ငလျင်ကြီး လှုပ်သွားပြီးတဲ့နောက် ကျွန်မ ခဏလောက် ရောက်သွားဖူးတယ်။ ဒုက္ခသည် စခန်းတွေမှာ ရိက္ခာဝေမျှဖို့ပါ။ အဲဒီတုန်းက ကယ်ဆယ်ရေး လုပ်ငန်းတွေက အစပဲ ရှိသေးတယ်။ အဲဒီတုန်းက ကယ်ဆယ်ရေး လုပ်သားတွေဟာ ဖုန်အလိမ်းလိမ်းနဲ့ အလောင်းတွေ ပြန့်ကျဲနေတဲ့ ပတ်ဝန်းကျင်မှာ မမောတမ်း အလုပ်လုပ်နေကြတာကို မြင်ခဲ့ရပါတယ်"ဟုလည်း ဆိုသည်။

ပင်မလာက "ကျွန်မက ရှောင်နဲ့ ရင်းနှီးလာတာ ကြာပါပြီ။ သူ့ရဲ့ စိတ်စေတနာ ကို လေးစားပါ တယ်။ ဟေတီငလျင်ကြီးမှာ ရဲရဲရင့်ရင့် ကူညီဖို့ ထွက်ပေါ်လာသူတွေ အများကြီး ပါပဲ။ ရှောင်ဟာလည်း ကိုယ်တိုင်ဝင်ပြီး တာဝန်ယူခဲ့သူ တစ်ယောက်ပါ"ဟုလည်း ချီးကျူးခဲ့ သည်။ ဟေတီ တွင် (၂၀၁၀)ပြည့်နှစ် က ငလျင်ကြီး လှုပ်ခတ်ခဲ့ရာ လူပေါင်း သုံးသိန်းကျော်ထိ သေဆုံးခဲ့ပြီး ယခု တိုင် နိုင်ငံပြန် လည် နိုးထရန် ရုန်းကန်နေရဆဲ ဖြစ်သည်။

Planet Myanmar Network

No comments:

Post a Comment