Pages

Sunday, October 20, 2013

တစ်နိုင်ငံလုံးရှိ ဟိုတယ်များမှ ၀န်ထမ်းများအား လုံခြုံရေးသင်တန်း ပို့ချသွားမည်

ဆီဒိုးနား ဟိုတယ်သို့ လာရောက်ခဲ့သည့် နိုင်ငံခြားသား တစ်ဦးအား ၀န်ထမ်းတစ်ဦးက ကြိုဆိုနေစဉ် (ဓာတ်ပုံ-အောင်ရဲကို)

  Sunday, October 20, 2013

မြန်မာနိုင်ငံ အတွင်းရှိ ဟိုတယ်များ အားလုံးတွင် တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများအား လုံခြုံရေးသင်တန်း ပို့ချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် ရဲချုပ်ဇော်ဝင်းက အောက်တို ဘာ ၁၈ ရက်တွင် ပြောကြားသည်။

ယင်းကဲ့သို့ ဟိုတယ်များအားလုံးတွင် တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများအား လုံခြုံရေး သင်တန်းပေး မည့် အစီအစဉ်ကို နိုဝင်ဘာ ၂၁ ရက်တွင် စတင်သင်တန်း ပို့ချသွားမည်ဖြစ်ကြောင်း ရဲချုပ်က ပြောကြားသည်။

ယခုပြည်တွင်း၌ ဖြစ်ပွားနေသည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် မပေါက်ကွဲသေးဘဲ ဗုံးတွေ့ရှိနေ ရသည့် ဖြစ်စဉ်များအနက် ဖြစ်စဉ်တစ်ခုမှာ အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီခွဲ အချိန်တွင်လည်း ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများဟိုတယ် ကိုးလွှာ အခန်းနံပါတ် ၉၂၁ ၏ ရေချိုးခန်း အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရေချိုးရန် ပြင်ဆင်နေသည့် အမေရိကန် နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment