Pages

Tuesday, October 15, 2013

ဆီးဂိမ်းဖွင့်ပွဲပိတ်ပွဲတွင်သုံးမည့်ဓာတ်ပုံများ တရုတ်ပညာရှင်များ လက်မခံ၍ ပြန်လည်ရိုက်ကူးနေရ

Tuesday, October 15, 2013

ဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲ ပိတ်ပွဲအခမ်း အနားများတွင်အသုံးပြုမည့် နောက်ခံ ဓာတ်ပုံများ တရုတ်ပညာ ရှင်များက လက်မခံသည့်အတွက် အသစ်ပြန် လည်ရိုက်ကူးနေကြောင်း သိရသည်။

အဆိုပါဓာတ်ပုံများကို ဖွင့် ပွဲ ပိတ်ပွဲအခမ်းအနားတွင်ပါဝင် မည့်အစီအစဉ် များဖြစ်သည့် စောင်း တော်သင်္ဂါ ဆိုင်းမင်္ဂလာ၊ အမျိုး သားအမွေအနှစ်မဟာပုဂံ၊ ပွဲဦး အလင်္ကာ၊ မြေဝိုင်းအက ပိတ်ပွဲ အခမ်းအနား အတွက် ရောင်စုံပန်း များ၏ မြစ်ကြေးမုံ၊ ကျောင်းသူ ကလေးများ၏ အေရိုးဗစ်အက၊ ပြန်ဆုံမယ် ညီညွတ်ခြင်းမှရှေ့သို့ ချီ၊ ဆင်ရတနာ၊ မြန်မာ့ဆိုင်းဝိုင်း၊ အနာဂတ်၏ကမ္ဘာမြေ စသည့်အ စီအစဉ်များတွင် ယင်းတို့နှင့်လိုက် ဖက်သည့်ဓာတ်ပုံများကို နောက်ခံ (LED Screen)ပေါ်တွင် ပြသ မည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ ဖွင့်ပွဲ ပိတ်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးအေးမြင့်ကြူက ''လက်ရှိမြန်မာ နိုင်ငံ ဓာတ်ပုံအသင်းကတောင်းခံ ထားတဲ့ဓာတ်ပုံတွေက (Resolution)မကိုက်ညီတဲ့အတွက် တရုတ် ကပညာရှင်တွေက လက်မခံ ဘူး။ ဒါကြောင့် ဝန်ကြီးဌာနက ကင်မရာအသစ်တွေဝယ်ယူပြီး အသစ်ထပ်မံရိုက်ကူးနေပါတယ်'' ဟု ၎င်းကပြောသည်။

ထို့အပြင် ဆီးဂိမ်းဖွင့်ပွဲအ ခမ်းအနားကို ဒီဇင်ဘာ ၁ဝရက် ည ၆နာရီခွဲဝန်းကျင်တွင် လူ အင်အားရှစ်ထောင်အသုံးပြု၍ တင်ဆက်မည်ဖြစ်ကာ အိုလံပစ် မီးရှူးတိုင်ကို မီးထွန်းညှိရန်အ တွက် ပုဂံခေတ်မြားပစ်အကျော် အမော်သူရဲကောင်းတစ်ဦးအဖြစ် သရုပ်ဆောင်ကာ မြားဖြင့်ပစ်၍ မီးထွန်းညှိပေးမည်ဖြစ်သည်။

အဆိုပါဖွင့်ပွဲ ပိတ်ပွဲအခမ်း အနားများအတွက် ကုန်ကျစရိတ် ကို ပြည်တွင်းကျပ်ငွေ ခုနစ်ဘီလီ ယံအသုံးပြုမည်ဖြစ်ပြီး ဖွင့်ပွဲအ စီအစဉ် ၁၉ခုနှင့် ပိတ်ပွဲအစီအစဉ် ၁၆ခုပါဝင်မည်ဖြစ်သည်။
အခမ်းအနားများတွင် ပါ ဝင်တင်ဆက်မည့် အနုပညာရှင် များ၏ဝတ်စုံများကို ပြည်တွင်းရှိ ပိုးထည်ဆိုင်များမှ ပိုးထည်များ စပွန်ဆာပေးထားသည်။

ညီသစ်လူ
Yangon Media Group

No comments:

Post a Comment