Pages
▼
Wednesday, October 9, 2013
မန်ယူကို စွန့်ခွာဖွယ်ရှိနေသည့် ဟာနန်ဒက်ဇ်
မန်ယူ တိုက်စစ်မှူး ဟာနန်ဒက်ဇ်သည် ၎င်းအနေဖြင့် ပုံမှန် ပွဲထွက်ခွင့် ရရှိရေး အတွက် အသင်းမှ ထွက်ခွာရနိုင်ကြောင်း ဆိုသည်။
မက္ကဆီကို တိုက်စစ်မှူး ဟာနန်ဒက်ဇ်သည် ယခုရာသီ မန်ယူ နည်းပြ မိုရက်စ်လက်ထက် နောက်ဆုံး ၁၁ ပွဲတွင် ၂ ပွဲသာ ပွဲထွက်ပါဝင်ခွင့် ရရှိသူ ဖြစ်သလို နည်းပြဟောင်း ဖာဂူဆန် လက်ထက်တွင်လည်း လူစားလဲ ပါဝင်ခွင့်ရရှိသည့် ကစားသမား ဖြစ်သလို ဂိုးသွင်းယူ နိုင်စွမ်း ရှိသည့် ကစားသမား အဖြစ် မှတ်ကျောက်တင်ခြင်း ခံထားရသူဖြစ်သည်။
ဟာနန်ဒက်ဇ်သည် ၎င်းအနေဖြင့် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ယူ အသင်းတွင် ပျော်နေကြောင်း ဆိုသော်လည်း အခြားကလပ် အသင်းတစ်ခုသို့ ပြောင်းရွှေ့ပါက ပုံမှတ်ပွဲထွက်ခွင့် အတွက် သေချာစေမည်ဟု အရိပ်အမြွက် ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နွေရာသီတွင် အက်သလက်တီကိုနှင့် သတင်းထွက်ခဲ့သည့် ဟာနန်ဒက်ဇ်သည် ယခုရာသီတွင် မန်ယူ အသင်း အတွက် ၁ ဂိုးသာ သွင်းယူထားပြီး ပွဲထွက်ခွင့် မရ၍ မန်ယူ အသင်းတွင် ၎င်း၏ အနာဂတ်မှာ စိုးရိမ်စရာ ဖြစ်လာကြောင်း ဆိုသည်။ ဟာနန်ဒက်ဇ်သည် ၂၀၁၀ တွင် မက္ကဆီကို ကလပ် ဂွာဒါလာချာရာ အသင်းမှ ပေါင် ၆ သန်းဖြင့် ရောက်လာခဲ့ပြီး မန်ယူ အသင်းနှင့် ၄ နှစ် စာချုပ် ကျန်ရှိနေသည်။
Yatanarpon Call Center

No comments:
Post a Comment