Pages

Sunday, October 13, 2013

ခါးပိုက်နှိုက် (၂)ဦးဖမ်းဆီးရမိ



ရန်ကုန်၊ အောက်တိုဘာ ၁၃

၁၃.၁၀.၂၀၁၃ရက်နေ့ ၀၆၁၅နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ယာဉ်လိုင်းအမှတ်(၁၀၁)ပေါ်၌ လိုက်ပါ၍ ခါးပိုက်နှိုက် ဖမ်းဆီးရေးတာဝန် ဆောင်ရွက်ခဲ့ရာ လှိုင်သာယာမြို့နယ်၊ တံတားဖြူမှတ်တိုင်အရောက်တွင် ၎င်းယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ လှမြင့်(ခ)မင်းမင်းလေး၊(ဘ)ဦးအေးမြင့်၊ (၁၅)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူမှ ယာဉ်ပေါ်ပါခရီးသည် အမျိုးသမီး(၁)ဦး၏ စလင်းဘတ်အိတ်အတွင်းရှိ ပိုက်ဆံအိတ်အားနှိုက်ယူနေစဉ် နောင်နောင်၊ (ဘ)ဦးမောင်ကြည်၊ (၁)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူမှ အကာအကွယ်ပေးကာ နှိုက်ယူရရှိသည့်ငွေအား နောင်နောင်၏ခါးကြားတွင်ဝှက်သိမ်း၍ ကားပေါ်မှဆင်းမည်ပြုစဉ်ဖမ်းဆီးပြီးရှာဖွေခဲ့ရာ နှိုက်ယူခံရသူအမျိုးသမီး၏ပတ်စ်ပို့ပုံ(၂)ပုံ၊ ငွေကျပ်(၂၅၈၅၀)နှင့်အတူ
 တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း(ပ)၁၁၇၂/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment