နိုင်ငံခြားသားများအတွက် တခါသုံးမိုဘိုင်းလ်ဖုန်းဆင်းကတ်များ ရောင်းချမည်
31.10.2013
ဆီးဂိမ်ပြိုင်ပွဲကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံခြားသားများအတွက် ငွေကျပ်
၂၀၀၀၀ တန် တခါသုံးမိုဘိုင်းလ် ဖုန်းကတ်များထုတ်ရောင်းမည်ဖြစ်ကြောင်း၊
ယင်းမိုဘိုင်းလ်ဆင်းကတ်များသည် ပြည်တွင်းခေါ်ဆိုမှု မိနစ် ၅၀ ၊ ပြည်ပ
ခေါ်ဆိုမှု ၁၉ မိနစ် ခေါ်ယူသုံးစွဲနိုင်မည်ဖြစ်ပြီး သက်တမ်း ၁ လဖြစ်ကြောင်း၊
သက်တမ်း ကာလ ၁ လ အတွင်း ထပ်မံ ငွေဖြည့်တင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၊
နိုင်ငံခြားသားများ အနေဖြင့် နိုင်ငံကူးလက်မှတ် ပြသ၍
ဝယ်ယူနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက်ကို
ကိုးကားပြီး ယနေ့ ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
Irrawaddy
No comments:
Post a Comment