Pages

Monday, October 28, 2013

မြို့သာစက်မှုဥယျာဉ်သွား တံတားဦး-စက်မှုဇုန်လမ်းကို ထပ်ချဲ့မည်



28-10-2013

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် တည်ဆောက် လျက်ရှိသော မြို့သာစက်မှု ဥယျာဉ် စီမံကိန်း သို့ သွားရာ လမ်းဖြစ်သည့် တံတားဦး-စက်မှုဇုန်လမ်းအား ၂၄ပေလမ်းအဖြစ် တိုးချဲ့ဖောက် လုပ် သွားမည်ဖြစ်ကြောင်း Mandalay Myotha Industrial Development Public Co.,Ltd(MMID)မှ သိရှိရသည်။

`တံတားဦး-စက်မှုဇုန်ဘက်သွားတဲ့လမ်းဟောင်းက ၁၈ပေရှိတဲ့ လမ်းကို BOT စနစ်နဲ့လုပ်ဆောင်နေ ပါတယ်၊ အဲဒီ လမ်းကို BOTစနစ်နဲ့ ယူထားတဲ့ ကုမ္ပဏီနဲ့ ညှိနှိုင်းပြီး လမ်းကို ၆ပေချဲ့သွားမှာဖြစ်ပါတယ်၊ ချဲ့ပြီးရင် လမ်းအကျယ်က ၂၄ပေရှိ သွားမှာ ဖြစ်ပါတယ်၊ အဲဒီအတွက် MMID ကနေ ကုန်ကျခံ သွား မှာ ဖြစ်ပါတယ်´ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

လမ်းများကို ချဲ့ထွင်ဆောင်ရွက်ခြင်းဖြင့် မြို့သာစက်မှုဥယျာဉ်စီမံကိန်းသို့ သွားလာမှု လွယ်ကူစေရေး အပါအ၀င် စီမံကိန်း ဧရိယာနှင့် မဝေးသောနေ ရာများမှ ပြည်သူများသွာလာမှုလွယ်ကူစေ ရန်နှင့် နောင်တွင်ငါန်းဇွန်မြို့နယ် ဘက်မှ မန္တလေးမြို့သို့ လာရောက်မှုအတွက် အခက်အခဲများကြုံတွေ့ ရမှုများမှ ပြေလည်နိုင်စေရေး၊ စက်မှုဥယျာဉ်မြို့တော်အတွင်းမှ သွားလာနိုင်ရန် အတွက်ပါ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကိုလည်း သိရှိရသည်။

ထို့အပြင် လက်ရှိစီမံကိန်းအား မြေဧကတစ်သောင်းကျော်အပေါ်၌ တည်ဆောက်လျက်ရှိကာ အခြေခံ အဆောက်အဦးများ တည်ဆောက်ခြင်း လုပ်ငန်းမှာ ပြီးစီသလောက်အနေအထား သို့ ရောက်ရှိနေ ပြီဖြစ်ကြောင်း၊ ဆီမီခုံဆိပ်ကမ်းမှာလည်း ခြောက်လ အတွင်း ကုန်တင်ကုန်ကျပြုလုပ်နိုင် ရန် တည်ဆောက် မှုများအား လုပ်ဆောင်လျက်ရှိကြောင်းနှင့် လက်ရှိအချိန် အထိ အမေရိရန် ဒေါ်လာ ၁၉သန်း ရင်းနှီးမြှုပ်နှံမှုပြုလုပ် ခဲ့ပြီး ဖြစ်ကာ ပြည်သူ များပါ ပါဝင်တည်ဆောက်နိုင်ရေး အများပိုင် ကုမ္ပဏီဖြင့် ပြောင်းလဲကာ အစုရှယ်ယာများ ကို ရောင်ချပေးလျက် ရှိသည်ဟု အဆိုပါစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

`စက်မှုဥယျာဉ်စီမံကိန်းနေရာက ကုန်သွယ်မှုအတွက် နေရာကောင်း တစ်ခုဖြစ်လာနိုင်ပါတယ်၊ ကမ္ဘာလူဦးရေရဲ့ လေးဆယ် ရာခိုင်နှုန်းလောက်ရှိတဲ့ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်တို့နဲ့လည်း ဆက်စပ်နေပါတယ်၊ အာရှလမ်းမကြီးရဲ့ အဓိက နေရာတွေနဲ့လည်း ဆက်နွယ်နေပါတယ်၊ ဒါအပြင် နယ်စပ်တွေကိုသွားလာဖို့လည်း လွယ်ကူပါတယ်၊ နောက်ဆိုရင် အထက်မြန်မာပြည်အတွက် စီးပွားရေးအချက်အချာကျသော နေရာတစ်ခုဖြစ်လာမှပါ´ဟုMandalay Myotha Industrial Development Public Co.,Ltd(MMID)ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ ဦးထွန်းထွန်းအောင် က ပြောသည်။

တည်ဆောက်မည့် မြို့သာစက်မှုဥယျာဉ်စီမံကိန်းတွင် အိမ်ရာစီမံကိန်းများ၊ ဥယျာဉ်များ၊ ဈေးဝယ် စင်တာများ ၊ စက်မှုဇုန်များအပါဝင် လူများစီပွားရေး လုပ်ငန်း လုပ်ကိုင်နေထိုင်နိုင်ရေး လျာထားချက် များထားရှိကာ ဆက်လက် အကောင်အထည်ဖော်တည်ဆောက် သွားမည်ဖြစ်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။

Myit Ma Kha Media Group

No comments:

Post a Comment