Pages

Tuesday, October 15, 2013

ခင်ဇာခြည်ကျော်ပြောတဲ့ ခေတ်ရဲ့ ကွာခြားမှုအကြောင်း


Tuesday, October 15, 2013

ကျရာဇာတ်ရုပ်တွေကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တဲ့ဝါရင့် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခင်ဇာ ခြည်ကျော်က လတ်တလောမှာ သူပါဝင်သရုပ်ဆောင်ထားတဲ့ “အဆိပ်ဝိုင်” ဇာတ်ကားနဲ့ ပတ်သက် ပြီး ဇာတ်လမ်း က ကောင်းတဲ့အတွက် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သရုပ်ဆောင်တွေ ရဲ့ပါဝင်ရ တဲ့အခန်း ကလည်း မျှသလို အိုက်တင် တွေအားလုံး ကလည်း ကောင်းကြောင်း ပြောပြခဲ့ပါတယ်။ ဇာတ် ကားတွေ လာရောက်ကမ်းလှမ်းပေမယ့်လည်း စိစစ်ရွေးချယ်ပြီးမှ ရိုက်ကူးဖြစ် ကြောင်းကို ခင်ဇာခြည်ကျော် က..

”၄၊၅ခန်းနဲ့ပါပြီးတော့လည်း မရိုက်တော့ပါဘူး။ ကျွန်မကဇာတ် ရုပ်ကိုရွေးတာမဟုတ်ဘူး။ အမေလည်း ရတယ်။ အဒေါ်လည်းရ တယ်။ အစ်မလည်းရတယ်။ ကျရာဇာတ်ရုပ် မှာ သရုပ်ဆောင်ပါ့မယ်။ ဒါပေမဲ့ ဇာတ်ဝင်ခန်းနည်းနည်းနဲ့ ၄၊၅ခန်း ပါရပြီးရောဆိုပြီးတော့ မရိုက်ဖြစ်ပါဘူး” လို့ ပြောပြပါတယ်။ ဗီဒီယိုခေတ်ဦး ၊ခေတ်ကောင်း ကို မီခဲ့တာကြောင့် တစ်ချိန်က ဗီဒီယိုလောကရဲ့ အခြေအနေတွေကိုလည်း ခင်ဇာခြည်ကျော်က ” အရင်တုန်းကခေတ်နဲ့အခု ခေတ်က တအားကွာခြား တာပေါ့။တစ်လကို ၄၊၅ကား ရိုက်ကြတယ်။မင်းသား၊ မင်းသမီးတွေလည်းအရည်အတွက်နည်းတယ်။မင်းသား၊ မင်း သမီးတွေက သူ့တန်းလေး တွေနဲ့ သူပေါ့။ ကျွန်မတို့တန်းဆို လည်း ၄၊၅ယောက်ပဲရှိတယ်။မင်းသမီးကြီးတန်းဆိုလည်း ၄၊၅ ယောက် သူ့တန်းနဲ့သူဆိုတော့ ရိုက်ရတာလည်း တအားမျှတယ်။ အခုခေတ် ကမင်းသမီး အရေအတွက်က တအားများလာတယ်။ တော်တဲ့လူ တွေလည်းများလာတယ်ဆိုတော့ အခုခေတ်မှာတော့ ပိုပြီး ကြိုးစား မှသာလျှင်နေရာတစ်နေရာရနိုင် မယ်။ နို့မို့ဆိုရင်တော့ ပေါ်ပြူ လာဖြစ်ပြီးတော့ ခဏလေးနဲ့ ပျောက်သွားရင်လည်း မင်းသမီးလို့ မခေါ်ဘူးလေ။ ကျွန်မတို့ဆိုရင် ၉၁ခုနှစ်ထဲက အသက် ၁၅နှစ်ကတည်းက မင်းသမီးလုပ်တယ်။အခုအချိန်ထိဆိုရင်အနှစ်၂ဝလည်း ကျော်သွားပြီ” လို့ ပြောပါတယ်။

အခုအချိန်အထိ ခင်ဇာခြည်ကျော် ဆိုတဲ့နာမည်နဲ့အောင်မြင်စွာရပ်တည်နေနိုင်တာကတော့ ကိုယ့်ရဲ့ကြိုး စားမှုနဲ့ အလုပ်အပေါ်ဂရုစိုက်မှုတွေကြောင့် ဖြစ်ကြောင်းကိုလည်း အခုအချိန်ထိ ပရိသတ်တွေ အားပေး တယ်။ အခုအချိန်ထိ ခင်ဇာခြည်ကျော်ဆိုပြီး လက်ခံတယ်ဆိုတာအရင်တုန်းကကြိုးစားခဲ့လို့ပါ။ ကျွန်မတို့ က အလုပ်လုပ်တယ် ဆိုရင်ပြီးပြီးရော ဘယ်တော့မှ မလုပ်ပါဘူး။ သရုပ်ဆောင် မတတ်မြောက် ခင်တုန်းကလည်း တကယ့်ဆရာသမား ဒါရိုက်တာ တွေပြောတဲ့စကားကို တစ်သဝေမတိမ်း နားထောင် ပြီး ကြိုးစားတယ်။အိုက်တင်မရခင်က အိုက်တင်ရလာအောင် ကြိုးစား ခဲ့တယ်။အိုက်တင်ရ လာပြီးတဲ့ နောက် ပိုင်းမှာ လည်းထပ် ပြီးပိုကောင်းအောင် လုပ် တယ်။ ကိုယ့် ဇာတ်ကား တွေလည်း ကြည့်တယ်။ သူများဇာတ်ကားတွေလည်း ကြည့်တယ် ပြန်သုံး သပ်တယ်။ သင် ဆရာ၊မြင်ဆရာတွေဆီက လည်း မှတ် သားလေ့လာ တယ်။ အကယ်ဒမီ ရပြီးတဲ့အခါမှာလည်း ငါအကယ်ဒမီ ရပြီးပြီ။ငါပေါ့ပေါ့ လုပ် လို့မရဘူးဆိုတဲ့ အနေနဲ့ပိုကြိုးစား ရတာပေါ့” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

No comments:

Post a Comment