Pages

Monday, October 21, 2013

တရုတ်က မြန်မာနိုင်ငံမှ ဆန်ပိုမိုတင်သွင်းသွားမည်

Monday, October 21, 2013

တရုတ်နိုင်ငံ၏ ပြည်တွင်း ဆန်ဝယ်လိုအား မြင့်မားလာခြင်းကြောင့် နိုင်ငံ၏ စားနပ်ရိက္ခာ လုံလောက် ဖူလုံစေရန် အိမ်နီးချင်းနိုင်ငံဖြစ်သော မြန်မာနိုင်ငံမှဆန်ကို အဓိကထား ၀ယ်ယူသွား မည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၈ ရက်က ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ ပြည်တွင်း ဆန်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် ဆန်များကို မြန်မာနိုင်ငံ သာမက ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံများမှလည်း တင်သွင်းသွားမည် ဖြစ်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်အစားဆုံး နိုင်ငံဖြစ်ပြီး၊ တစ်နှစ်လျှင် ဆန် မက်ထရစ်တန်ချိန် ၅၀၀ ,၀၀၀ မှ ၆၀၀,၀၀၀ အထိ ပြည်ပမှ တင်သွင်းနေရသည်။

တရုတ်အမျိုးသား ဆီထွက်နှင့်သီးနှံဆိုင်ရာ သတင်းအချက်အလက်ဌာန၏ စာရင်းထုတ်ပြန်ချက်များအရ တရုတ်နိုင်ငံ ၏ ဆန်ထွက်နှုန်းမှာ ၀ ဒသမ ၇ ရာခိုင်နှုန်း နှစ်စဉ် ကျဆင်းသွားမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ဆန်မက်ထရစ်တန်ချိန် ၂၀၂ ဒသမ ၈ သန်းသာ ထွက်ရှိတော့မည်ဖြစ်သည်။ နှစ်ပေါင်းများစွာ တည်ငြိမ် စွာ တိုးတက်ခဲ့ပြီးမှ ယခုကဲ့သို့ စတင် ကျဆင်းလာခြင်းဖြစ်သည်။

ထို့အပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် အကျိုးတူပူးပေါင်းကာ စပါးစိုက်ပျိုးရန် ကမ်းလှမ်း ထားကြောင်း လည်း တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူများ က အောက်တိုဘာလ အစောပိုင်းက ပြောကြားခဲ့သေးသည်။

မြန်မာနိုင်ငံ စပါးစိုက်ပျိုးသည့် အဓိကဒေသများဖြစ်သည့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် တရုတ်နှင့် ပူးပေါင်း၍ စိုက်ပျိုးရန် လျာထားပြီးဖြစ်သည်။

ပြည်တွင်းစားသုံးမှု ဖူလုံရေးအတွက် တရုတ်အစိုးရက ဆန်တင်သွင်းမှု ကန့်သတ်ချက်များကို လည်း လျှော့ ချပေးမည် ဖြစ်သည်။

တရုတ်နိုင်ငံ၏ ဆန် အဓိကစိုက်ပျိုးရာ ပြည်နယ်များဖြစ်သည့် ဟူနန်၊ ကျန်ရှီနှင့် ကျီကျန်းပြည်နယ် များတွင် ရာသီဥတု ဖောက်ပြန်လာခြင်းနှင့် ရေကြီးမှုများကြောင့်လည်း ဆန်အထွက်နှုန်း ကျဆင်း လာသဖြင့် ပြည်ပမှ ဆန်တင်သွင်းမှုကို အလွန်အမင်း မှီခိုလာရခြင်းဖြစ်ကြောင်း တရုတ်အစိုးရ၏ အသီးအနှံသုတေ သနဌာနမှ ပညာရှင် တန်စန်ကျန်းက ပြောကြောင်း ဆင်ဟွာသတင်း ဌာနတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ဆန်စိုက်ပျိုးသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှလည်း နောင်လာမည့် ငါးနှစ်အတွင်း တစ်နှစ်လျှင် ဆန် မက်ထရစ်တန်ချိန် တစ်သန်းခန့် ၀ယ်ယူသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တစ်ရက်လျှင် ဆန်မက်ထရစ်တန်ချိန် ၁,၀၀၀ မှ ၁,၂၀၀ ခန့် တင်ပို့နေသည်။

Mizzima - News in Burmese

No comments:

Post a Comment