ဓာတ်ပုံ ကေအိုင်အိုတွင် တာဝန်ထမ်းဆောင်စဉ်က ဒေါက်တာ ဦးတူးဂျာ
ဒေါက်တာဦးတူးဂျာ ဦးဆောင်တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ လည်း ရွေးကောက်ပွဲကော်မရှင်ကနေ ဒီကနေ့မှာ တည်ထောင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
“ ဒီကနေ့ပဲ ဖက်စ်နဲ့ အကြောင်းကြားလာတာပါ။ လောလောဆယ်တော့
မနက်ဖြန်တစ်ဘက်ခါမှာ ဒီမှာရှိတဲ့လူတွေနဲ့ အစည်းဝေးလုပ်ပြီးတော့
ပခေါင်းဆောင် ဒုခေါင်းဆောင်ရွေးပြီး အလံတို့ အမှတ်တံဆိပ်တို့
ကိုနေပြည်တော်မှာတင်သွားဖို့ရှိပါတယ်။ ” ဟုဒေါက်တာဦးတူး၈ျာကဆိုပါတယ်။
ဒေါက်တာဦးတူးဂျာဟာ ယခင်က ကေအိုင်အို ဒုဥက္ကဌ
အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၀ ရွေးကောက်ပွဲကို
ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပါတီဖွဲ့စည်းခဲ့ပေမယ့်ခွင့်ပြုချက်မရခဲ့ပါဘူး။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကိုလည်း မိုကောင်းမြို့နယ်ကနေ တစ်သီးပုဂ္ဂလ
အနေနဲ့ဝင်ရောက် ယှဉ်ပြိုင် ဖို့ကြိုးစားခဲ့သေးပေမယ့်
လုံခြုံရေးအကြောင်းပြချက်နဲ့ မိုးကောင်းမြို့မှာ
ရွေးကောက်ပွဲ မကျင်း ပခဲ့တဲကအတွက် ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပဲ
ပါတီထပ်မံတည်ထောင်ရန်လျှောက် ထားခဲ့တာ ပဲဖြစ်ပါတယ်။
အခုဆိုရင်
ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၂ ရက်နေ့က
ကချင်အမျိုးသားဒီမိုကရေစီကွန်ဂရက်ပါတီ ၊ လီဆူ
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ နှင့် ကချင်ပြည်နယ်
ဒီမိုကရေစီပါတီဆိုပြီး ကချင်မျိုးနွယ်စု ၀င်တွေ ဦးဆောင်တဲ့ပါတီ
သုံးခုရှိနေပါပြီ။
ရှမ်းနီသတင်းဌာန

No comments:
Post a Comment