Pages

Monday, October 28, 2013

တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆု ဆန်ခါတင် စာရင်းထုတ်ပြန်


Monday, October 28, 2013

FIFA အဖွဲ့မှ တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆု Fifa's women's world player of the year award အတွက်ကစားသမား ၁ဝ ဦး ပါဝင်သည့် ဆန်ခါတင် စာရင်းကို ထုတ်ပြန်ခဲ့ရာ Chelsea အမျိုးသမီး ဘောလုံး အသင်းမှ ဂျပန် တိုက်စစ်မှူး Yuki Ogimi ပါဝင်လျက် ရှိကြောင်း သိရသည်။

အသက် ၂၆ နှစ် အရွယ်ရှိ Yuki သည် ဂျာမန်ကလပ် Turbine Potsdam အသင်းမှ Chelsea အမျိုးသမီး အသင်းသို့ ယခုနှစ် ဇူလိုင်လ အတွင်းက ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ Yuki သည် ဂျပန် အမျိုးသမီး ဘောလုံးအသင်းအား ၂ဝ၁၁ ခုနှစ်တွင် ကမ္ဘာ့ဖလား ဆွတ်ခူး နိုင်ရန်နှင့် ၂ဝ၁၂ ခုနှစ် အတွင်းက လန်ဒန်အိုလံပစ် အားကစား ပြိုင်ပွဲတွင်လည်း ဂျပန် အသင်းအား ငွေတံဆိပ် ရရှိရန် ကြိုးပမ်းပေးခဲ့သည့် အဓိက ကစားသမားတစ်ဦး ဖြစ်ကြောင်း သိရသည်။ Yuki အပြင် ဂျာမနီမှ Nadine Angerer နှင့် Lena Goessling ဆွီဒင်မှ Nilla Fischer နှင့် Lotta Schelin ၊ ဂျပန် အသင်းမှ Saki Kumagai ဘရာဇီး အသင်းမှ Marta ၊ အမေရိကန် အသင်းမှ Alex Morgan နှင့် Abby Wambach ကနေဒါ အသင်းးမှ Christine Sinclair တို့အား လက်ရွေးစင် ဆန်ခါတင် ရွေးချယ်ထားကြောင်း သိရသည်။

http://www.bbc.co.uk/sport/0/football/24667721
MRTV-4

No comments:

Post a Comment