Pages

Thursday, October 31, 2013

တောင်ငူ၊ ရေတာရှည်နှင့် ဆွာမြို့တို့တွင် လူရှစ်ထောင်ခန့် ရေဘေးတွေ့ကြုံ



31.10.2013

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင် စစ်တောင်းမြစ်၏ စိုးရိမ်ရေမှတ်အထက် ၇၅ စင်တီမီတာ ကျော် လွန် လာပြီး ရေကြီးမှုကြောင့် တောင်ငူ၊ ရေတာရှည်နှင့် ဆွာမြို့နယ်တို့ အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၃၀ ကျော်မှ လူရှစ်ထောင် နီးပါးမှာ ရေဘေးဒုက္ခသည် စခန်းပေါင်း ၂၁ ခုတွင် ပြောင်းရွှေ့ နေထိုင်နေ ကြရကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၃၀ ရက်နေ့ နံနက် ၆ နာရီအချိန်မှ စတင်ကာ တောင်ငူမြို့ပေါ်တွင် ရေဘေး ဒုက္ခသည် စခန်း ၁၃ ခု၊ ကျေးရွာပေါင်း ၁၁ ရွာ၊ ရပ်ကွက်ငါးခုမှ အိမ်ထောင်စု ၁၂၁၆ စု၊ လူဦးရေ စုစုပေါင်း ၅၁၁၂ ဦးကို မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာ အထက်တန်းကျောင်း အချို့တွင် နေရာ ချထားပေးပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ရေဘေးသင့် အိမ်ထောင်စုများကို လိုအပ်သော ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ပေးနေပြီ ဖြစ်ကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး က ပြောကြားသည်။

ရေတာရှည်မြို့နယ် ဆွာမြို့နှင့် ရေတာရှည်မြို့တို့ရှိ ကယ်ဆယ်ရေး စခန်းပေါင်း လေးခုတွင် ရပ်ကွက် ကျေး ရွာပေါင်း ၁၄ ခုမှ အိမ်ထောင်စုပေါင်း ၂၅၀ ကျော်၊ လူဦးရေ စုစုပေါင်း ၂၀၀၀ နီးပါး ကို နေရာ ချထားပေးရကြောင်းနှင့် အောက်တိုဘာလ ၃၀ ရက်နေ့မှစတင်ကာ ရေဘေးသင့် အိမ်ထောင်စု ဝင်များကို ထမင်းထုပ်များ၊ သောက်ရေသန့်နှင့် လိုအပ်သော ဆေးဝါးပစ္စည်းများကို ကူညီထောက်ပံ့ လှူဒါန်း ပေးနေကြောင်း ရေတာရှည်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာကျော်ကျော်က ပြောကြားသည်။
“သာဂရမှာက အောက်တိုဘာလ ၂၉ ရက်နေ့မှ ရေစဝင်တာ။ လက်ရှိမှာ ကျေးရွာအုပ်စု ခြောက်စုက အိမ်ထောင်စုပေါင်း ၂၂၀၊ လူဦးရေ စုစုပေါင်း ၁၀၀၀ နီးပါးကို သာဂရမြို့ သားတော်လှ ဘုရားဓမ္မာရုံ အပါအဝင် ကယ်ဆယ်ရေးစခန်း လေးခုမှာ နေရာချထား ပေးပါတယ်” ဟု သာဂရကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုသည်။

အဆိုပါ စစ်တောင်းမြစ်ရေ ရေကြီးရေလျှံ မှုကြောင့် တောင်ငူမြို့၊ ရေတာရှည်မြို့၊ ဆွာမြို့နှင့် သာဂရမြို့ တို့ရှိ အနိမ့်ပိုင်း ရပ်ကွက်အချို့နှင့် စစ်တောင်းမြစ်ကမ်းပါးရှိ ကျေးရွာများတွင် စစ်တောင်းမြစ်ရေ ဝင်ရောက်ခဲ့ပြီး ဆွာမြို့နှင့် သာဂရမြို့ကြား ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်၌ ရေ အနက် နှစ်ပေ ခန့် ရေကျော် ခဲ့သည်ဟု ဒေသခံများနှင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများထံမှ စုံစမ်းသိရှိ ရသည်။

စစ်တောင်းမြစ် ရေကြီးရေလျှံမှုကို ဆွာချောင်းတမံ ဖောက်ချသည်ဟု ကောလာဟလများ ထွက်ပေါ် လာခြင်းကြောင့် အောက်တိုဘာလ ၂၈ ရက်နေ့ည ၁၀ နာရီ အချိန်မှာစတင်ကာ စစ်တောင်း မြစ်ကမ်းပါးရှိ လူနေအိမ်ခြေအချို့ ရေဘေးလွတ်ရာ ဆွာမြို့ပေါ်သို့ ရွှေ့ပြောင်း နေထိုင်နေ ကြကြောင်း အောက်တို ဘာလ ၃၀ ရက်နေ့တွင် ဆွာမြို့ စက်ရုံကျောင်းတိုက် ဓမ္မာရုံတွင် အိမ်ထောင်စု ၂၀၀ ကျော်၊ လူဦးရေ စုစုပေါင်း ၁၂၀၀ ခန့် ခိုလှုံ ရာက်ရှိနေကြောင်း ဆွာမြို့ခံတစ်ဦးက ပြောကြားသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ သုံးရက်ဆက်တိုက် မိုးရွာသွန်းမှု စံချိန်တင် ခဲ့ခြင်းကြောင့် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ပြီး အောက်တိုဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်များအရ တောင်ငူမြို့၏ စိုးရိမ်ရေမှတ်အထက် ၇၅ စင်တီမီတာ ကျော်လွန်ကာ ၆၇၅ စင်တီမီတာသို့ ရောက်ရှိနေကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

တောင်ငူမြို့ပေါ်တွင် ယခုနှစ် မိုးရာသီကာလတွင် တတိယအကြိမ် မြစ်ရေ ဝင်ရောက်လာခြင်း ဖြစ်ပြီး ယခုတစ်ခေါက်မြစ်ရေ တက်ခြင်းသည် အလွန်မြန်ဆန်ကြောင်း အောက်တိုဘာလ ၂၉ ရက်နေ့ ည ၁၂ နာရီအချိန် တက်လာသည့် ပုံသဏ္ဌာန်မှာ ဝါးလုံးထိုး မြင့်တက် လာခြင်း ဖြစ်ကြောင်း တောင်ငူမြို့ ကြက်သျှာစွန်းရပ်နေ အသက် ၄၆ နှစ်အရွယ် ဒေါ်အေးက ပြောဆိုသည်။
“ရေတက်တာမြန်တော့ ကလေးတွေကို ရေလွတ်ရာ ရွှေ့ချိန်မှာ ကလေးတစ်ယောက် ရေနစ်တယ်။ သိတာမြန်လို့ ကိုယ်ကျိုးမနည်းတယ်။ အိမ်အောက်မှာက ရေအနက် ခုနစ်ပေလောက် ရှိမယ်ထင်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၁ ခုနှစ်သြဂုတ်လပထမပတ်က တောင်ငူမြို့နယ်၌စစ်တောင်းမြစ်ရေစိုးရိမ်မှတ် ကျော်လွန် ရောက်ရှိခဲ့ မှုကြောင့် တောင်ငူခရိုင် အုတ်တွင်း၊ ရေတာရှည် မြို့နယ်နှင့် တောင်ငူမြို့နယ်တို့ရှိ ရပ်ကွက်

No comments:

Post a Comment