Pages

Thursday, October 17, 2013

ပူတာအိုခရိုင် မလိခချောင်းဘေး အင်ဆာဇွတ်ရွှေမှော်မှ ဖမ်းဆီး, ညှဉ်းပမ်း, သတ်ဖြတ်ခံရသော ဒေသခံရှမ်းတိုင်းရင်းသားများနှင့် ပက်သက်၍ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်နိုင်ရေး ကြိုးပမ်းမည်


17.10.2013

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်၊ မလိခချောင်းဘေး အင်ဆာဇွတ် ရွှေမှော်မှ ဒေသခံ ရှမ်းတိုင်းရင်းသား လူငယ်များဖြစ်ကြသည့်

၁။မောင်သန်းထွေး အသက်(၁၈)နှစ်၊ အဖ-စောဝီတေ+အမိ-ဒေါ်နန်းထန်၊ ပူတာအိုမြို့နယ်၊ လန်းတောင်ရွာ

၂။မောင်စိန်ခမ်း အသက်(၁၈)နှစ်၊ အဖ-စောမန်းကီး+အမိ-စွဲ့စိန်နီ၊ ပူတာအိုမြို့နယ်၊ လန်းတောင်ရွာ

၃။ စောနွှဲ့ဟန်ထွန်း အသက် (၁၉)နှစ်၊ အဖ-ဦးကျော်ထိန်+အမိ-စွဲ့ရွှေနီ၊ ပူတာအိုမြို့နယ်၊ လန်းတောင်ရွာ

၎။ စောနွဲ့မျိုးဆွေ အသက်(၁၆)နှစ်၊ အဖ-ဦးခါးစွန်+အမိ-စွဲ့ဝါမွန်၊ ပူတာအိုမြို့နယ်၊ လန်းတောင်ရွာ

၅။စောနွဲ့အောင်ကျော် အသက်(၁၉)နှစ်၊ အဖ-ဦးစောခမ်းသိမ်+အမိ-စွဲ့နက်ခမ်း၊ ပူတာအိုမြို့နယ်၊ လန်းနေရွာ

၆။စောနွဲ့စံကျော် အသက်(၁၉)နှစ်၊ အဖ-ဦးခိုင်ငင်း+အမိ-စွဲ့ဆီဝါလင့်၊ ပူတာအိုမြို့နယ်၊ နောင်ခိုင်ရွာ နှင့်

၇။စောနွှဲ့ဆာဆိုင် အသက်(၁၉)နှစ်၊ အဖ-ဦးစောမျိုးဆိုင်+အမိ-ဒေါ်နန်းခမ်း၊ မိန်းယပ်ရွာ၊ (လုံရှာယန်ဒေသ)တို့ (၇) ဦးကို ၂၀၁၃ ခုနှစ်၊ မတ် လ ၈၊ ၃၁ရက်၊ ဧပြီလ ၁၊ ၅၊ ၈ ရက်နေ့များတွင် ဗိုလ်ဘုန်းမောင် ဦးဆောင်သည့် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ စောနွဲ့စံကျော် အသက်(၁၈)နှစ် အား ၀ါးရင်းတုတ်ဖြင့် မသေမချင်း မညှာမတာ ရက်ရက်စက်စက် ရိုက်နှက်သတ်ဖြတ်ခဲ့ခြင်း၊ မောင်သန်းထွေးအား နားနှစ်ဖက်ဖောက်ပြီး သစ်ပင်တွင်ချိတ်ကာ ခန္ဓာကိုယ်တစ်ခုလုံးအား ဓါးမွှန်း၊ ဆားသိပ်၍ နောက် တစ်ရက်တွင် ခြေဖြတ်၊ နောက်တစ်ရက်တွင် လက်ဖြတ်ကာ ရက်ရက်စက် စက် လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်၊ သတ်ဖြတ်ခဲ့ခြင်းတို့အတွက် ကချင်ပြည် နယ် ရှမ်းမျိုးနွယ်စု အကြီးအကဲများမှ KIA၏ ရက်စက် ကြမ်းကြုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြု လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရသူ မောင်သန်းထွေးသည် KIA စစ်သား လုပ်ခိုင်းရာ မလုပ်နိုင်သည့် အကြောင်း ငြင်းပယ်ရာမှ မတရား ညှဉ်း ပမ်းနှိပ်စက်ခြင်း ခံရတာဖြစ်ကြောင်းနှင့် ခြေပြတ်လက်ပြတ်ဖြင့် ခန္ဓာကိုယ် တစ်ခုလုံး ဓါးမွှန်း ဆားသိပ်လျက် ရက်ရက်စက်စက် လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်ထားသော မောင်သန်းထွေး၏ ရင်ဆို့ဖွယ်ရာမြင်ကွင်းကို ဇနီးသည်ဖြစ်သူကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ဇနီး သည်ဖြစ်သူ ၏ လက်ထဲမှာပင် အသက်ဆုံးပါးသွားခဲ့တယ်လို့ မောင်သန်းထွေး၏ ဇနီးဖြစ်သူမှ ပြောပြသည်။

ဧရာဝတီမြစ်ဖျားဆီက

No comments:

Post a Comment