Pages
▼
Thursday, October 31, 2013
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အိန္ဒိယကြည်းတပ်ဦးစီးချုပ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
Thursday, October 31, 2013
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အိန္ဒိယသမ္မတနိုင်ငံ အိန္ဒိယ ကြည်းတပ်ဦးစီးချုပ် General Bikram Singh ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင်နိုင်ငံတော်သမ္မတ အိမ်တော်ရှိ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ အစိုးရအဆက်ဆက်က အိန္ဒိယနိုင်ငံ နှင့် ချစ်ကြည်ရင်းနှီးမှုကို အလေးထား တည်ဆောက်ခဲ့သကဲ့သို့လက်ရှိအစိုးရ လက်ထက်တွင်လည်း ချစ်ကြည် ရင်းနှီးမှုကို အလေးထားဆောင်ရွက်နေမှု၊ နိုင်ငံတော်သမ္မတကြီး၏ အိန္ဒိယနိုင်ငံခရီးစဉ်နှင့် အိန္ဒိယ ဝန်ကြီးချုပ်
၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း နှစ်နိုင်ငံအကြား ချုပ်ဆိုထား သော စာချုပ်များအရ ဆောင်ရွက်ရန် ရှိသည်များကို စတင်အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး အတွက် ကူညီပံ့ပိုးဆောင်ရွက်နေမှု၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှုအနေဖြင့်အိန္ဒိယနိုင်ငံတွင်သင်တန်းများတက်ရောက်နိုင်ရေး ရွေးချယ်စေလွှတ်နိုင်ရန် ပညာသင်ဆုများအများအပြားကမ်းလှမ်းဆောင်ရွက်သွားရန်စီစဉ်ထားရှိမှု၊ မြန်မာ့တပ်မတော် ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးသွားရန် စီစဉ်ထားရှိမှု၊ အိန္ဒိယနိုင်ငံ နယ်စပ်တွင်အဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက်နေသည့် သောင်းကျန်းသူများအားနှိမ်နင်းရာတွင်
မြန်မာနိုင်ငံ ဘက်မှ ကူညီပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိမှု၊ နယ်စပ်ဒေသ တွင် လုံခြုံရေး ကင်း လှည့်ခြင်းဖြင့် နယ်စပ်ဒေသလုံခြုံရေးအတွက် များစွာအကျိုးရှိမှု၊ နှစ်နိုင်ငံအကြား နယ်ခြား ပူးပေါင်းဆောင် ရွက်ရေး စာချုပ် လက်မှတ်ရေးထိုး နိုင်ရန် စီစဉ်ဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်သန်းစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အိန္ဒိယကြည်းတပ်ဦးစီးချုပ် ဦးဆောင်သော အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် စစ်သံမှူးတို့ တက်ရောက်ကြသည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:
Post a Comment