30.10.2013
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး
(သို့) အသစ်ရေးဆွဲရေးနှင့် ပတ်သက်ပြီး သဘောထားအမြင်များကို ပြည်နယ်နှင့်
တိုင်းဒေသကြီးများတွင် လိုက်လံကောက်ခံနေရာ ခရိုင် မြို့နယ် ၃၄ မြို့နယ်
ကောက်ခံပြီးစီးနေပြီဖြစ်ကာ ရလဒ်မှာပြင်ဆင်လိုသည့်
ရာခိုင်နှုန်းပိုများနေပြီး ၉၀ ရာခိုင်နှုန်းခန့် ပြင်ဆင်လိုကြသည်ဟု NLD
ကအောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
သဘောထားအမြင်
လိုက်လံကောက်ခံရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ခုသို့
အဖွဲ့ခုနစ်ဖွဲ့ ခွဲ၍ ကောက်ခံခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၂
ခုမှ ခရိုင်မြို့နယ် ၆၀သို့ ကောက်ခံမည်ဟု လျာ ထားကာ အောက်တိုဘာ ၂၈ အထိ၃၄မြို့နယ် ကောက်ခံပြီးဖြစ်သည်။ယင်းပမာဏမှာ ကောက်ခံမည့် ခရိုင်မြို့နယ်၏
ထက်ဝက်ကျော် ဖြစ်သည်။
NLD ပါတီ အခြေခံဥပဒေပြင်ဆင်ရေးအဖွဲ့ဝင်
မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တာဝန်ခံ ဦးအောင်သိန်းက
“ကျွန်တော်တို့တွေက ဒေသအသီးသီးရဲ့ ခရိုင်အဆင့်သဘောထားခံယူတယ်။ လူထု
ကိုရှင်းပြတယ်။ ဒီကတစ်ဆင့်မြို့နယ်တာဝန်ရှိ သူတွေကမြို့နယ်အဆင့်
ပြန်လည်ရှင်းပြမှာပေါ့၊ ဒီအဖြေ ကသက်သက်ရှိမှာပါ၊ ဒါကခရိုင်အဆင့်ရရှိတဲ့အဖြေ
ဖြစ်ပါတယ်။ ရာနှုန်းအားဖြင့်ပြောရင်တော့ ၉၀ရာခိုင် နှုန်းက ပြင်ဆင်ဖို့
သဘောဆန္ဒရှိကြတယ်”ဟု မဇ္ဈိမသို့ ပြောသည်။
အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်၏ ပြည်သူ့သဘောထား ကောက်ခံမှုရလဒ်များ ကို
နိုဝင်ဘာလ၂၅ ရက် တွင် အဖွဲ့ဝင်၁၀၉ဦး ပါဝင်သောလွှတ်တော်ရှိ
ဖွဲ့စည်းပုံအခြေခံ ဥပဒေပူးပေါင်းလေ့လာရေးကော်မတီသို့ ဆက်လက်တင်ပြ
သွားမည်ဖြစ်သည်။
NLD အခြေခံဥပဒေပြင်ဆင်ရေးကော်မတီမှ ဦးဋ္ဌေးဦးက
“နိုဝင်ဘာပထမအပတ်မှာ မြို့နယ်တွေပါ အား လုံးအပြီးလုပ်မှာပါ။ အဲဒီအခါ
မြို့နယ်တွေရဲ့ ရလဒ်လည်းထွက်လာမှာပါ။ အခုက ခရိုင်အဆင့် ထုတ်ပြန်
တာဖြစ်ပါတယ်”ဟု ပြောသည်။
NLD မှ ကောက်ခံရာတွင် ယခင်က ၆၆ မြို့နယ်ကောက်ခံရန် လျာထားသော်လည်း အခက်အခဲအချို့ရှိ၍ မြို့နယ် ၆၀ သာ ကောက်ခံနိုင်တော့မည် ဖြစ်သည်။
ရှမ်းပြည်နယ်၊ ကယားပြည်နယ်တာဝန်ခံ ဦးထွန်းထွန်းဟိန်းက “၆၆ခရိုင်
သွားရောက်ဖို့ မျှော်မှန်းထားပေ မယ့်NLDရုံးမရှိတာရယ်အခြားအခက်အခဲတွေရယ်ကြောင့် ခြောက်မြို့နယ်ကိုမသွားဖြစ်တော့ဘူး။
နိုဝင်ဘာလ
ပထမအပတ်မှာ ခရိုင်၆၀စလုံးကို အပြီးသတ်သဘောဆန္ဒခံယူဖို့ သတ်မှတ်ထားပါတယ်”ဟု
ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သွားရောက်ကာ
လူထုသဘောဆန္ဒကောက်ခံခဲ့သော ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မွန်ပြည်နယ်
သထုံခရိုင်၊ မော်လမြိုင်ခရိုင်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း ရမည်း
သင်းခရိုင်၊ တနင်္သာရီတိုင်းတွင် မြိတ်၊ ကော့သောင်း ၊ထားဝယ်၊
ချင်းပြည်နယ်တွင် ဖလမ်း၊ ဟားခါး၊ တီးတိန်၊ စစ်ကိုင်းတိုင်း
တွင်ရွှေဘိုခရိုင်၊ ကသာ၊ မုံရွာ၊စစ်ကိုင်း၊ မကွေးတိုင်းတွင် မင်းဘူး၊ မကွေး၊
သရက်၊ ရန်ကုန်တိုင်းတွင် မြောက်ဥက္ကလာပ(အရှေ့)၊ တောင်ဒဂုံ(အရှေ့)၊
ဒလ(တောင်) ရန်ကုန် အနောက်ပိုင်း ခရိုင်ရှိ သန်လျင်၊ ကျောက်တန်း၊
မြောက်ဒဂုံ၊ ပဲခူးတိုင်းတွင် ဖြူးမြို့၊ တောင်ငူ၊ ပဲခူး၊ သာယာဝတီခရိုင်၊
ရှမ်းပြည်နယ်တွင် မူဆယ်၊ လားရှိုး၊ ကျောက်မဲ၊ ဧရာဝတီတိုင်းတွင် ပုသိမ်၊
မအူပင်၊ ဟင်္သာတနှင့် ကချင် ပြည်နယ်တွင် မိုးညှင်းတို့ ဖြစ်သည်။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆တွင် ဖွဲ့စည်းပုံရှိ
အခန်းအချို့မှ ပြဋ္ဌာန်းချက်များကို ပြင်ဆင် လိုလျှင်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်
သဘော တူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ
ကျင်းပ၍ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ
ပြင်ဆင်ရမည် ဖြစ်သည်။
ယင်းအပြင် အချို့ပြဋ္ဌာန်းချက်များကို
ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး ၏ ၇၅
ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် ပြင်ဆင်ရမည်။
No comments:
Post a Comment