Pages

Thursday, October 10, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်အတွင်း တရုတ်နိုင်ငံသား လုပ်သားတစ်ဦးသေဆုံး

ကိုတိုးကြီး | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၅၅ မိနစ်

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်အတွင်း တရုတ်နိုင်ငံသား ကုမ္ပဏီအလုပ်သမားတစ်ဦး ယာဉ်တိုက်မှုကြောင့် အောက်တိုဘာလ ၁၀ရက် နံနက်က သေဆုံးခဲ့ကြောင်း ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သူမှာ မစ္စတာ တီပန် အသက်(၂၄)နှစ်ဖြစ်ပြီး ကုမ္ပဏီဖြစ်ကြောင်း ဆားလင်းကြီး မြို့မရဲစခန်းရှိ ရဲအရာရှိတစ်ဦးမှ အတည်ပြုပြောကြားသည်။

ဆီနိုဟိုက်ဒို ကုမ္ပဏီဝန်ထမ်း မစ္စတာရန်ကွယ်ချန်း မောင်းနှင်လာသော လုပ်ငန်းခွင့်သုံးယာဉ်နှင့် မစ္စတာ တီပန် မောင်းနှင်လာသော ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခြင်းဖြစ်ပြီး မုံရွာပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ရဲအရာရှိက ပြောသည်။

“တောင်ပတ်လမ်းနဲ့ အုတ်စက်လမ်းဆုံအနီးမှာ အခင်းဖြစ်ခဲ့ပါတယ်"ဟု ဆားလင်းကြီး မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက ပြောသည်။

ထိုယာဉ်တိုက်မှုအား ဆားလင်းကြီး မြို့မရဲစခန်းမှ ယာဉ်(ပ) ၂၇/ ၂၀၁၃ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၄(က)/ ၃၃၈ အရ အမှုရေး အမှုဖွင့်ထားကြောင်း သိရသည်။

No comments:

Post a Comment