Pages

Sunday, October 20, 2013

သီတင်းကျွတ် လပြည့်နေ့မှစ၍ ရွှေတိဂုံ စေတီတော်၌ CID၊ ရဲတပ်ရင်း အပါအ၀င် ရဲတပ်ဖွဲ့အားလုံး ပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်မည်

Sunday, October 20, 2013

အောက်တိုဘာ ၁၉ ရက်တွင် ကျရောက်သည့် သီတင်းကျွတ် လပြည့်နေ့မှ စတင်၍ ရွှေတိဂုံစေတီတော်၌ လုံခြုံရေးဆောင်ရွက်မှုကို CID ရဲတပ်ဖွဲ့၊ ရဲတပ်ရင်း အပါအ၀င် ရဲတပ်ဖွဲ့အားလုံး ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ယခုနှစ် ရွှေတိဂုံစေတီတော် ပွဲတော်ကာလအတွင်း လုံခြုံရေး ဆောင်ရွက်မှုမှာ ယခင်နှစ်ကထက် တိုးချဲ့ထားပြီး ရဲတပ်ဖွဲ့အားလုံး ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး က ပြောကြားခဲ့သည်။

"ရွှေတိဂုံဘုရားရဲ့ ပွဲတော်တစ်လျှောက်မှာတော့ လုံခြုံရေးကို အထူးဂရုစိုက် ဆောင်ရွက်သွားမယ်။ ရဲတပ်ရင်းက ဦးဆောင်ပြီးတော့ မြို့နယ်ရဲတပ်ဖွဲ့တွေ၊ CID ရဲတပ်ဖွဲ့၊ SD ရဲတပ်ဖွဲ့အပြင် ရဲတပ်ဖွဲ့ အားလုံး ပူးပေါင်း ဆောင်ရွက်သွားမယ်။ ပြည်သူတွေ အနေနဲ့လည်း မသင်္ကာတဲ့ ပစ္စည်းတွေ၊ မသင်္ကာတဲ့ အခြေအနေတွေကို တွေ့ရင်တော့ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဖို့ လိုအပ်ပါတယ်"ဟု အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။

"ဘုရားပန်းတွေ များပြီဆိုရင် ဂရုတစိုက်နဲ့ ချက်ချင်းစွန့်ပစ်တယ်။ အထဲမှာက တစ်ခုခု ရှိနေနိုင်တယ်လေ။ မသင်္ကာဖွယ် တွေ့ရင်လည်း နီးစပ်ရာ ကင်းသမားကို သတင်းပို့မယ်။ အခုချိန်မှာ အန္တရာယ်ရှိနိုင်တယ်လို့ ယူဆရတဲ့ နေရာတွေကို သတိထားပြီး လုပ်ဆောင်နေပါတယ်"ဟု ရွှေတိဂုံဘုရား၏ လုံခြုံရေး တာဝန်မှူး ဆောင်ရွက်နေသူ ဒေါ်မာမာဝေက ပြောကြားခဲ့ကြောင်း သိရသည်။

သီတင်းကျွတ် လပြည့်နေ့၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် အခြား နေ့ကြီးရက်ကြီးများ တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော် လေ့လာသူဦးရေမှာ တစ်နေ့လျှင် နှစ်သိန်းမှ သုံးသိန်း ၀န်းကျင်အထိ ရှိကြောင်း ဂေါပကအဖွဲ့ရုံးမှ သိရသည်။

Eleven Media Group

No comments:

Post a Comment