Pages

Thursday, October 10, 2013

EU Sakharov ဆုကို ဒေါ်စု ကိုယ်တိုင်သွားရောက် လက်ခံမယ်

                       ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်က ဗြိတိန်ပါလီမန်အတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀ ပြည့်နှစ်တုန်းက ရရှိခဲ့တဲ့ EU Sakharov လူ့အခွင့်အရေး ဆုကို ဥရောပပါလီမာန်မှာ ကိုယ်တိုင်သွားရောက် လက်ခံရယူတော့မယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဥရောပနိုင်ငံကိုသွားပြီး အောက်တိုဘာလ ၂၂ ရက်နေ့မှာ အဲဒီဆုကို လက်ခံမှာဖြစ်တယ်လို့ ဥရောပလွှတ်တော်က ထုတ်ဖော်ပြောဆိုထားပါတယ်။

၁၉၉၀ ပြည့်နှစ် ရွှေးကောက်ပွဲတုန်းက NLD ပါတီအနိုင်ရခဲ့တာကို မြန်မာစစ်အစိုးရက အသိအမှတ် မပြုခဲ့ပဲ ဒေါ်အောင်ဆန်း စုကြည် ထိန်းသိမ်းခံ ခဲ့ရတဲ့ အတွက် ပေးခဲ့တဲ့ ဆုဖြစ်ပါတယ်။

ဒီလူ့အခွင့်အရေးဆုအတွက် ယူရိုငွေ ၅၀၀၀၀၊ အမေရိကန်ဒေါ်လာ ၆၅၀၀၀ လောက်ရရှိမှာဖြစ်ပြီး အရင်တုန်းက အဲဒီဆုကို တောင်အာဖရိကနိုင်ငံ ခေါင်းဆောင်ဟောင်း နယ်လ်ဆင်မန်ဒဲလားနဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်တို့ ရရှိခဲ့ပါတယ်။

ဒီနှစ် EU Sakharov ဆုအတွက် စကာတင်ရွေးချယ်ခံရသူတွေထဲမှာ အမေရိကန်နိုင်ငံ ထောက်လှမ်းရေးအမှုထမ်းဟောင်း Edward Snowden၊ ပါကစ္စတန်နိုင်ငံက ပညာရေးအခွင့်အရေးဆိုင်ရာ လှုပ်ရှားသူ Malala Yousafzai နဲ့ Belarus နိုင်ငံ က ထောင်ဒဏ်ကျ ခံနေရတဲ့ လှုပ်ရှားသူ သုံးဦးတို့ ပါဝင်ပါတယ်။


ABC Radio Australia 

No comments:

Post a Comment