Pages

Friday, October 18, 2013

ကေအိုင်အေ (KIA) ကချင်တပ်မေ တ်ာမှ ရှမ်းနီအမျိုးသားများ ဖမ်းဆီးသွားကြောင်း

၂၀၁၃ အောက်တိုဘာ ၁၅ ရက် ၂၁ နာရီ အချိန်တွင် ကေအိုင်အေ (KIA) ကချင် လွတ်မြောက်ရေး တပ်မတော် အဖွဲ့တပ်ရင်း (၅) လက်အောက်ခံ တိန်ညင်းသူ စခန်း ခန့်မှန်းမြေပုံ (KH 940 ) နေရာမှ အင်အား ၅ ဦး ခန့် တို့သည် မိုးညှင်းမြို့နယ် ထန်းတပင် ကျေးရွာ အရှေ့တောင်ကြော မိုးညှင်းမြို့ရွာ သစ်တန်းကျေးရွာ အိမ်အမှတ် (၆၀ ) နေ ဦးရန်ရှင်းရှောင် စိုက်ခင်း အလုပ် လုပ်ကိုင်နေသော မိုးညှင်းမြို့နယ် ထန်းတပင်အဖ ဦးဝင်းမြင့်(ခ) ထွန်းဝေ အမိ ဒေါ်နန်းဦးတို့သား မောင်ထွန်းရင်(၂၆)နှစ် ရှမ်းနီလူမျိုး ၁/မညန(နိင်)၁၁၄၁၂၇၄ နှင့် အဖ ဦးဖိုးနီ(ကွယ်လွန်) အမိ ဒေါ်မဗျိုင်း သားမောင်သိန်းဇော် (ခ)နေဆန်း (၁၉)နှစ် ၁/မညန ၁၆၅၁၉၃ ရှမ်းနီလူမျိုး တို့အား ကေအိုင်အေ KIA တပ်မတော် မှ လူသစ်စုဆောင်းရန် အတွက် အားဓမ္မခေါ်ဆောင်သွားကြောင်း သတင်းရှိပါသည်။

ရှမ်းနီလူငယ်ကွန်ယက်

No comments:

Post a Comment