Pages

Monday, October 21, 2013

KIA ကချင်တပ်မတော်မှ ရှမ်းနီအမျိုးသား(၂)ဦးအား အဓမ္မ ဖမ်းဆီးခေါ်ဆောင်

21.10.2013

၂၀၁၃ ခုနှစ်၊ အောက်တိုဘာ (၁၅) ရက်နေ့ည (၉)နာရီ အချိန်တွင် ကေအိုင်အေ (KIA) ကချင် လွတ်မြောက်ရေး တပ်မတော် အဖွဲ့ တပ်ရင်း(၅) လက်အောက်ခံ တိန်ညင်းသူစခန်း ခန့်မှန်းမြေပုံ
(KH 940) နေရာမှ အင်အား(၅) ဦးခန့်တို့သည် မိုးညှင်းမြို့နယ် ထန်းတပင်ကျေးရွာ အရှေ့တောင်ကြော မိုးညှင်းမြို့ရွာသစ်တန်းကျေးရွာ အိမ်အမှတ် (၆၀ )နေ ဦးရန်ရှင်းရှောင် စိုက်ခင်းအလုပ် လုပ်ကိုင်နေသော မိုးညှင်းမြို့နယ် ထန်းတပင် အဖ-ဦးဝင်းမြင့်(ခ) ထွန်းဝေ အမိ-ဒေါ်နန်းဦးတို့ သား(၁) မောင်ထွန်းရင် (၂၆) နှစ် ရှမ်းနီလူမျိုး ၁/မညန(နိင်)၁၁၄၁၂၇၄ နှင့်အဖ ဦးဖိုးနီ(ကွယ်လွန်) အမိ ဒေါ်မဗျိုင်း သား
(၂) မောင်သိန်းဇော် (ခ)နေဆန်း (၁၉)နှစ် ၁/မညန ၁၆၅၁၉၃ ရှမ်းနီလူမျိုး တို့အား KIA တပ်မတော်မှ လူသစ်စုဆောင်းရန် အတွက် အားဓမ္မခေါ်ဆောင်သွားကြောင်း သတင်းရှိပါသည်။

မောင်ထွန်းရင်နှင့် မောင်သိန်းဇော်တို့ကို KIA မှ ဖမ်းဆီးခေါ်ဆောင်သွားသော အောက်တိုဘာလ (၁၅) ရက်နေ့၌ပင် မိုးညှင်းခရိုင် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ အလုပ် အမှုဆောင်အဖွဲ့ ဖွဲ့စည်းနိုင်ရေး အကြိုညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အောက်တိုဘာလ (၈၊၉၊၁၀) ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် အစိုးရနှင့် KIO တို့၏ သဘောတူညီချက် ပူးတွဲ(၂) ၊ နှစ်ဖက်လိုက်နာရန် အချက်များပါ (စ)တွင် ကာယကံရှင်၏ ဆန္ဒမပါဘဲ တပ်ဖွဲ့ဝင်အဖြစ် အဓမ္မသွတ်သွင်းခြင်း မပြုလုပ်ရန် ဟု သဘောတူ ပါရှိကြောင်း တွေ့ရသည်။

သျှမ်းနီအမျိုးသားရေး အစည်းအရုံး

No comments:

Post a Comment