Pages

Sunday, October 20, 2013

KNU မှ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည်များနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ရန်ကုန်မြို့၌ ယနေ့ပြုလုပ်မည်


Sunday, October 20, 2013

ကရင်အမျိုးသား အစည်းအရုံး (KNU)မှ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည်များနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ အောက်တိုဘာ ၂၀ ရက်မွန်းလွဲပိုင်းတွင် ပြုလုပ် မည်ဟု MPC မှ ဒေါက်တာမင်းဇော်ဦး၏ Facebook စာမျက်နှာတွင် ဖော်ပြချက်များအရ သိရသည်။

ယခု ရက်ပိုင်းအတွင်းက ဖြူး၊ တောင်ငူ၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိခဲ့သည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွား ခဲ့ပြီးနောက် အဆိုပါ ဖြစ်စဉ်များကို KNU အဖွဲ့၏ စီးပွားရေး တာဝန်ခံအဖြစ် ဆောင်ရွက်နေသော နေတိုး ဆိုသူက ဦးဆောင်ပြုလုပ်ခဲ့ကြောင်း ကျူးလွန်သူ စောမြင့်လွင်အား စစ်ဆေးချက်အရ ပြန်လည် ထွက်ဆိုမှုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ဇော်ဝင်းက အောက်တိုဘာ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြရာတွင် အဖွဲ့အစည်းများ၏ အမည်ကို ထည့်သွင်းတင်ပြရခြင်းမှာ သံသယ ရှိသူများ၏ လုပ်ဆောင်ချက်ကို ရှင်းလင်းစွာ သိရှိစေရန် အတွက်ဖြစ်ပြီး ယင်းသို့ထည့်သွင်း ရည်ညွှန်းပြောကြားခြင်းကြောင့် ယင်းအဖွဲ့အစည်း အနေဖြင့် ယခုဖောက်ခွဲမှုများတွင် တာဝန်ရှိသည်ဟု ဆိုလိုခြင်း မဟုတ်ဟု အောက်တိုဘာ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment