NLD ပါတီကိုဆဲဆိုသူမှာ ပြည်ခိုင်ဖြိုးပါတီဝင်မဟုတ်ကြောင်း စာနယ်ဇင်းရှင်း
Friday, October 18, 2013ယခုလ ၁၂ ရက်ထုတ် ယူနတီ (UNITY) ဂျာနယ် အတွဲ(၂) အမှတ်စဉ် (၄ဝ)တွင်ဖော်ပြ ခဲ့သော NLDပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်နှင်NLD ပါတီကို မြောင်းမြမြို့နယ် အစုကြီး ကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီစည်းရုံးရေးမှူး ဦးတင်စိုးက ညစ်ညမ်းစွာဆဲဆိုခြင်း၊ ကြိမ်းဝါးခြင်းပြုလုပ်သဖြင့် ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူပေးပါရန် အစုကြီးကျေးရွာ NLD အမှုဆောင်ဥက္ကဋ္ဌ ဦးအောင်ဝင်းက တရားရုံးသို့ဦးတိုက်လျှောက်ထားလိုက်ကြောင်း သတင်း ဖြစ်စဉ်တွင်ပါရှိသော ဦးတင်စိုးသည် ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးမဟုတ်ကြောင်း မြောင်းမြ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ့ ပြုလုပ်သည့် စာနယ်ဇင်းတွေ့ဆုံရှင်းလင်းပွဲတွင် မြောင်းမြမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ရှင်းလင်းပြောကြားသည်။
''အဲဒီဂျာနယ်ပါ ဦးတင်စိုးဆိုသူဟာ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးမဟုတ်တဲ့အပြင် ပါတီဝင် ထားခြင်းမရှိပါဘူး။ နောက်ပြီး သူကဒီရွာသားလဲမဟုတ်ပါဘူး။ ဒီရွာသူနဲ့အိမ်ထောင်ကျပြီးရောက်လာတဲ့သူပါ။ တစ်ခုတော့ရှိတယ်လူမှုရေး လုပ်ငန်းတော့တအားလုပ်တယ်။ အစုကြီးရွာကို ဘယ်သူ သွားသွား သူကတာဝန်ကျေတယ်။ သူနိုင်သလောက်တော့ဝိုင်းကူရှာပါတယ်။ လူမှုရေးပြဿနာ တစ်ခုခုကနေစတင်ပြီးဖြစ်တာလို့ ကျွန်တော်ထင်တယ်''ဟု သတင်းအဖွဲ့ကို ပြည်ခိုင်ဖြိုးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မီဒီယာများနှင့်တွေ့ဆုံပွဲတွင် ရွှေနိုင်ငံ၊ Eleven၊ ရှေ့ဆောင်နှင့်ပြည်ထောင်စုနေ့စဉ် တို့မှ သတင်းထောက်များလည်း
တက်ရောက်ပြီး မြောင်းမြမြို့နယ် အစုကြီးကျေးရွာ ပြည်ခိုင်ဖြိုး ပါတီ၏စည်းရုံးရေးမှူးမှာ ဒီမိုကရေစီနည်းအရ
ကျေးရွာပါတီဝင်များကရွေးချယ်ထားသော ဦးစိုး နိုင်ထွေးဖြစ်ကြောင်း မြောင်းမြမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌထံမှသိရသည်။
The Union Daily
No comments:
Post a Comment