Pages

Monday, October 21, 2013

NLD ပညာရေးကွန်ရက်က ကျင်းပသည့်ပွဲသို့ ပညာရေးဝန်ကြီးဌာန ပါမောက္ခများ ပထမဆုံး တက်ရောက်


21-10-2013

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ပညာရေး ကွန်ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ ပညာရေး စနစ် ပြုပြင်ရေး နိုင်ငံလုံး ဆိုင်ရာ ညီလာခံ (NNER) ၏ ကဏ္ဍတစ်ခုဖြစ်သော စာမေးပွဲ စနစ် ဆိုင်ရာ ဆွေးနွေးပွဲ သို့ ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်များမှ ပါမောက္ခများ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခဲ့ကြောင်း ပညာရေးကွန်ရက် အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က The Voice သို့ ပြောကြား သည်။“သက်ဆိုင်ရာဝန်ကြီးဌာနကတက်တဲ့အတွက်ပညာရေး ပြုပြင်ပြောင်းလဲရေးကို မြန်မြန်ဆန်ဆန်

 ပြောင်းလို့ရမယ်လို့ ထင်တယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတကာက ပညာရှင်ငါးဦးက လက်ရှိမြန်မာနိုင်ငံတွင် သင်ကြားနေသည့် အလွတ်ကျက်စနစ် (Summative) မှ စာသင်ကြားရာတွင် ကျောင်းသား ကျောင်းသူများ၏ သင်ယူမှုကို အားပေးသည့်စနစ် (Formative) သို့ ကူးပြောင်းရာတွင် အားသာချက်နှင့် ၎င်းတို့၏ နိုင်ငံတကာ အတွေ့အကြုံများကို ရှင်းပြကြသည်။


“မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ပြောင်းလဲမယ်ဆိုရင် ဟိုကနေဒီပြောင်းဆိုရင် အောင်မြင်ဖို့ မမြင်ဘူး။ အားလုံးကို အမြစ်ကနေလှန်ပြီး အစက ပြန်လုပ်မှရမယ်” ဟု ပညာရေးလောကတွင် အတွေ့ အကြုံရှိသည့် ဒေါက်တာမြင့်မြင့်ခင်က ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။

စာမေးပွဲစနစ် ပြုပြင်ခြင်းဆိုင်ရာပွဲသို့ ပညာရေးဝန်ကြီးဌာနက ပါမောက္ခများ၊ ဘက်စုံလွှမ်းခြုံ ပညာရေး သုံးသပ်ရေး (CESR) တွင် ပါဝင်သော ပညာရေး ဝန်ထမ်းများ စသည်တို့ တက်ရောက် ခဲ့ကြပြီး ပြည်တွင်းပြည်ပက ပညာရေး အဖွဲ့အစည်းများက တာဝန်ရှိသူများလည်း ပါဝင်ခဲ့ကြရာ စုစုပေါင်း ၃၅၈ ဦး တက်ရောက်ခဲ့ကြသည်။

Voice

No comments:

Post a Comment