Pages

Wednesday, October 30, 2013

ကား owner book အတု၊ အစစ်ခွဲခြားစေဖို့



30.10.2013

၁။ စာအုပ်အမှတ်စဉ်
၂။ ယာဉ်အမှတ်ရဲ့အပေါ်နားက serial အမှတ်အသား
၃။ ဟေလိုဂရမ် ထင်ရှင်းပြတ်သားမှု
၎။ ရုံးချုပ်
၅။ မူရင်းစာအုပ်တွေမှာ မင်အနက်နဲ့စာ စာရိုက်လေ့ရှိပါတယ်။ (ဥပမာ ဇွန် လ)
၆။ ကုန်ဆုံးရက်ကို "/" နဲ့ ရေးသားပါတယ်။
၇။ ပုံမှန်အားဖြင့် ရုံးချုပ်က ကားတွေကို ဦးမိုးမြင့်သာ လက်မှတ်ထိုးလေ့ရှိပါတယ်။

တခြား ကျွန်တော် သတိမထားမိတဲ့ အချက်တွေ အများကြီးရှိနိုင်သလို က.ည.နမှလည်း နောက်ထပ် ပြောင်းလဲလိုက်တာတွေလည်း ရှိနိုင်ပါတာမို့ ဒါကိုပဲ လုံးဝ အတည်လို့ မယူဆစေချင်ပါဘူး။
(အခုနောက်ပိုင်း အင်္ဂလိပ်အက္ခရာပြောင်းလဲပြီးတဲ့နောက် နာမည်၊ မှတ်ပုံတင်တွေကိုလည်း အင်္ဂလိပ်လို ရေးသားပါတယ်။)

ကိုယ် ကားဝယ်ခါနီး စိတ်ထဲစနိုးစနောင့်ဖြစ်တယ်ဆို က.ည.နမှာ အရင် စစ်ကြည့်လိုက်ပါ။ ကားအမျိုးအစား၊ ကားအက္ခရာ၊ ကားချက်ဆီဘောင်အမှတ် စသဖြင့်ပေါ့။ တစ်ခု ရှိတာက စာအုပ်စစ်မစစ်ကို စစ်ဆေးပေးဖို့ကျတော့ ခက်ခဲပါလိမ့်မယ်။ အတုလုပ်တဲ့သူတွေလည်း ဒီထက် ပိုအသေးစိပ်အောင် လုပ်လာနိုင်တာမို့ ခွဲခြားရတာ ခက်ခဲစေမှာပါ။

အရှင်းဆုံးကတော့ ယုံကြည်စိတ်ချရတဲ့သူဆီက ၀ယ်တာ အကောင်းဆုံးပါ။ လက်လွှဲ အဆင့်ဆင့် ကားတွေထက် နာမည်ပေါက် ကိုယ်တိုင် ရောင်းတာဆိုရင်တော့ အမှားအယွင်းပိုနည်းနိုင်ပါတယ်။

စာအုပ်အတုဝယ်မိလိုက်တဲ့ အမလည်း အမြန်ဆုံး ငွေပြန်ရပါစေ ...
အားလုံးလည်း အဆင်ပြေကြပါစေ ...

ကိုထွဋ်ထိပ်

CM2
Car Market in Myanmar

No comments:

Post a Comment