Pages

Wednesday, October 16, 2013

စတင်ပြေးဆွဲသည့် နေ့မှစ၍ RBE အထူးမြို့ပတ်ရထားကို ခရီးသည် နှစ်ထောင်ကျော် စီးနင်း ခဲ့ပြီးဖြစ်


Wednesday, October 16, 2013

ရန်ကုန်မြို့တွင် ပြည်သူများသက် သောင့်သက်သာ အဆင်ပြေချောမွေ့ စွာ သွားလာနိုင်ရန်RBE (အဲယားကွန်း) အထူးမြို့ပတ်ရထားကို အောက်တိုဘာ ၅ ရက်မှစတင်ပြေးဆွဲလျက်ရှိရာ ခရီးသည် နှစ်ထောင်ကျော် လိုက်ပါစီး နင်းခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

''ကျွန်မတို့မိသားစုက မြို့ပတ်ရထား အပျော်လိုက်စီးတာပါ။ ရိုးရိုးမြို့ပတ် ရထားလည်း စီးဖူးပါတယ်။ အဲဒီရထား စီးတုန်းကတော့ ခရီးသည်ကလည်းများ၊ အနံ့ပေါင်းစုံလည်း နံဆိုတော့ အဆင်မပြေဘူး။ အခုအဲယားကွန်းပါ တဲ့ အထူးရထားက တော်တော်အဆင် ပြေတယ်၊ ဇိမ်ကျတယ်''ဟု စီးနင်းလိုက် ပါလာသော ခရီးသည်တစ်ဦးက ပြောပြခဲ့သည်။

အဆိုပါ RBE (အဲယားကွန်း) အထူး မြို့ပတ်ရထားကို ခရီးစဉ် တစ်ခုအတွက် ငွေကျပ် ၄ဝဝ သတ်မှတ်ထားပြီး နိုင်ငံခြားသားတစ်ဦးလျှင် ၂ ဒေါ်လာ သတ်မှတ်ထားကာ လက်မှတ်မဲ့ စီးနင်းပါက ဒဏ်ငွေ ၃ဝဝဝ ပေးဆောင် ရမည်ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် မီးရထားပေါ်တွင် ကုန်ပစ္စည်းတင်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းနှင့် အနံ့ဆိုးသော အစားအသောက်များ စားသောက်ခြင်းကို တားမြစ်ထားပြီး မီးရထားပေါ်၌ ရေစို ကုန်ပစ္စည်းများ တင်ပါက ဒဏ်ငွေ ငွေကျပ် ၁ဝဝဝ၊ အနံ့ထွက်သော ပစ္စည်းများ တင်ပါက ဒဏ်ငွေ ငွေကျပ် ၂ဝဝဝ နှင့် ခရီးသွားများ ထိခိုက်အနာတရဖြစ် စေသော ပစ္စည်းများတင်ပါက ဒဏ်ငွေ ငွေကျပ် ၃ဝဝဝ တို့ အသီးသီးပေးဆောင်ရ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့ပတ်ရထားထက်အရင် အောက်တိုဘာ ၇ ရက်က ရန်ကုန်မှ ကျိုက်ထိုသို့ ပြေးဆွဲနေသော RBE အထူးရထား ခရီးစဉ်တွင်လည်း အရင်ထက် ခရီးသည်များ ပိုမိုစီးနင်းကြကြောင်း သိရသည်။

No comments:

Post a Comment