Pages

Friday, October 11, 2013

မွန်ပြည်နယ်နှင့် ရန်ကုန်မှ အထက်တန်းကျောင်းသား၂၀၀ကို SCG မှ ပညာသင်ဆုပေးမည်


Friday, October 11, 2013 

မွန်ပြည်နယ်နှင့်ရန်ကုန်မြို့တွင် အမြဲနေထိုင်သော အထက်တန်းကျောင်းသားများအား ပညာသင်ဆု၂၀၀ ကို SCG Sharing Dream ကုမ္ပဏီမှပေးအပ်မည်ဖြစ်ကာ အောက်တိုဘာလ ၁၂ရက်အထိ လျှောက်ထားနိုင်မည်ဟု အဆိုပါကုမ္ပဏီမှ ဒါရိုက်တာ Mr. Chana Poomee က ပြောသည်။

“ကျောင်းသူ/ကျောင်းသားတွေအနေနဲ့ အဆင့်မြင့်ပညာရေးကို တက်လှမ်းနိုင်ဖို့အတွက် အထောက်အပံ့ ရရှိဖို့ အရေးကြီးတယ် ဆိုတာကို ကျွန်တော်တို့က ယုံကြည်တဲ့အတွက် SCG Sharing Dream အစီအစဉ်ကနေ အာဆီယံဒေသတွင်းမှာ ရှိတဲ့ ကျောင်းသူ/ ကျောင်းသားတွေကို တစ်နှစ်ကို ပညာသင်ဆု စုစုပေါင်း ငါးထောင်ကျော် ပေးနေပါတယ်” ဟု Mr. Chana Poomee က ပြောသည်။

ပညာသင်ဆုထောက်ပံငွေမှာ ကျောင်းသားတစ်ဦးလျှင်ကျပ်နှစ်သိန်းရရှိမည်ဖြစ်ပြီး လျှောက်ထားလိုသော ကျောင်းသူ/ ကျောင်းသားများအနေဖြင့် မိဘများအပေါ် ကျေးဇူးသိတတ်ကြောင်းနှင့် အိမ်တွင် အကူအညီပေးပုံကိုရေးသားထားသည့် စာပိုဒ်တစ်ပိုဒ်ပါဝင်ရမည်ဖြစ်သည်။

SCGပညာသင်ဆုကိုမွန်ပြည်နယ်ရှိ မော်လမြိုင်၊ကျိုက်မရော၊မုဒုံ၊ ပေါင်နှင့် ချောင်းဆုံမြို့နယ်များတွင် နေထိုင်သူများကို

 ပေးမည်ဖြစ်ကာ ရန်ကုန်မြို့ရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ကွမ်းခြံကုန်း၊ တွံ့တေး၊ ဆိပ်ကြီးခနောင်တိုနှင့် ကော့မှူးမြို့နယ်များတွင် နေထိုင်သူများကို ပေးမည်ဖြစ်သည်။

လျှောက်ထားလိုသူသည် ဓာတ်ပုံတစ်ပုံ၊ ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ၊ ကျောင်းဆရာ/ဆရာမ၏ ထောက်ခံစာနှင့်အတူ ဖုန်း - ၀၁၅၁၆၆၃၉ သို့ မေးမြန်း လျှောက်ထားနိုင်သည်။

အဆိုပါ ပညာသင်ဆုကို ပေးအပ်သည်မှာ ယခုတစ်ကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၂ခုနှစ်တွင် ရန်ကုန်၊ မော်လမြိုင်နှင့် ကျိုက်မရောတို့မှ ကျောင်းသူ/ကျောင်းသား ၉၉ ဦးကို ပညာသင်ဆု ချီးမြှင့်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment