2.10.2013
၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ လူ့အခွင့်အရေးကဏ္ဍ တာဝန်ခံ
ကိုပြုံးချို၊ ရုံးအဖွဲ့မှူး ကိုဇော်မင်းနှင့် အမျိုးသမီးကဏ္ဍမှ
မမာယာတို့(၃)ဦးသည် အောက်တိုဘာလ၊ ၁ ရက် နံနက် ၁၀း၀၀ နာရီက
ရန်ကုန်မြို့နတ်မောက်လမ်းရှိ UNFPA ရုံးသို့သွားရောက်၍ United Nations
Population Fund မှဌာနေကိုယ်စားလှယ် Janet E. Jackson
ဦးဆောင်သောအဖွဲ့နှင့် တစ်နာရီကြာတွေ့ ဆုံကာ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်၌
ပြုလုပ်မည့် သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်ပြီး ကြုံတွေ့ရမည့်
အခက်အခဲများ၊ လေ့ကျင့်သင်ကြားပေးနိုင်ရေး အခြေအနေများ၊ ပြည်သူလူထုအား
ပညာပေးလှုံဆော်နိုင်ရေး အခြေအနေများ၊
ပြည်သူလူထုပူပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍
ပူပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် အဓိကဘာသာစကား(၈)မျိုး၊ ဒေသဆိုင်ရာ ဘာသာစကား
(၁၇)မျိုးတို့ဖြင့် ကြိုတင်အသိပေးမှုများပြုလုပ်မည့်အပြင်
ပြည်သူလူထုသို့အချက်အလက်များမေးမြန်းကာ ကျယ်ပြန့်စွာ ပူးပေါင်း
အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်သည်။
The 88 Generation Peace and Open Society

No comments:
Post a Comment