Pages

Thursday, October 10, 2013

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ VISA အလိုက် သတ်မှတ်ခွင့်ပြုထားပြီး ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုစာရင်းများအရ တစ်ဦးချင်း ၀င်ရောက်မှု အများဆုံးဖြစ်ကြောင်း သိရ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေး ကောင်တာများရှေ့တွင် တန်းစီနေသော ခရီးသွားများ အား တွေ့ရစဉ်
Thursday, October 10, 2013

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ VISA အလိုက် သတ်မှတ်ခွင့်ပြုပေးထားပြီး ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုစာရင်းများအရတစ်ဦးချင်း ၀င်ရောက်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာ လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားသားခရီးသည် တစ်ဦးချင်း ၀င်ရောက်မှုမှာ ၂၇၀၁၆၇ ဦး၊ ကြိုတင်စီစဉ်မှုဖြင့် ၀င်ရောက်သူ ၁၇၁၀၂ ဦး၊ အခြားဗီဇာများဖြင့် ၀င်ရောက်လာသူ ၂၀၆၁၂၄ ဦးတို့ ၀င်ရောက်ခဲ့ပြီး စုစုပေါင်း ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုမှာ ၂၈၇၂၆၉ ဦးတို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်အတွင်း လေကြောင်းခရီးဖြင့် လာရောက်သော ခရီးသည် ခြောက်သိန်းနီးပါးရှိရာ ထိုင်းနိုင်ငံသားမှာ ၁၆ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံသားမှာ ၁၂ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ ရှစ်ရာခိုင်နှုန်း၊ အမေရိကန်ပြည်ထောင်စု ၆ ဒသမ ၃ ရာခိုင်နှုန်းနှင့် တောင်ကိုရီးယားမှာ ခြောက်ရာခိုင်နှုန်းဖြင့် ခရီးသည်အများဆုံး ၀င်ရောက်သည့် ငါးနိုင်ငံ စာရင်းဝင်နိုင်ငံများဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

''ပြင်သစ်၊ မလေးရှား၊ ဗြိတိန်နဲ့ ဂျာမနီနိုင်ငံတွေကတော့ လေးရာခိုင်နှုန်း ငါးရာခိုင်နှုန်းနီးပါးရှိပါတယ်။ လေကြောင်းမှ ၀င်ရောက်လာသော စာရင်းတွေအရ အာရှတိုက်က ၆၄ ဒသမ ၁ ရာခိုင်နှုန်း၊ အနောက်ဥရောပက ၂၁ ဒသမ ၉ ရာခိုင်နှုန်း၊ မြောက်အမေရိကတိုက်က ၇ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ပစိဖိတ်ဒေသက ၃ ဒသမ ၄ ရာခိုင်နှုန်း အသီးသီး ၀င်ရောက်ခဲ့ပါတယ်'' ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသို့ ခရီးသွားဦးရေ ယခုနှစ်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံခြားသား ၀င်ရောက်မှုမှာ ပထမဆုံးအဖြစ် ငါးသိန်းနီးပါးဖြင့် စံချိန်တင်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ရက်လျင် ပျမ်းမျှအားဖြင့် ခရီးသွားဦးရေ ၂၀၀၀ နီးပါး ၀င်ရောက်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment