Pages

Tuesday, November 26, 2013

နိုင်ငံတစ်ဝန်း ငှက်ဖျားရောဂါ ဖြစ်ပွားသူ လေးသိန်းနီးပါးရှိ

26.11.2013

ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော်လည်း ၂၀၁၂ ခုနှစ်အထိ ငှက်ဖျားရောဂါ ဖြစ်ပွားသူ လေးသိန်း နီးပါး ရှိနေသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသာထွန်းကျော်က ပြောကြားသည်။

ယင်းလေးသိန်း နီးပါးထဲတွင် သေဆုံးသူ ၄၃၀ ဦးကျော် ရှိပြီး ရောဂါ ဖြစ်ပွားသူနှင့် သေဆုံးသူများမှာ နယ်စပ်ဒေသတွင် ပိုများကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာန အနေနှင့် အစိုးရ မဟုတ်သော ပြင်ပ အဖွဲ့အစည်းများမှ ငှက်ဖျားရောဂါ ဖြစ်ပွားသူ စာရင်းကို တောင်းခံခဲ့ရာ လက်ရှိ အချိန်အထိ ခုနစ်သောင်းကျော် ရှိကြောင်း ညွှန်ကြားရေးမှူး ဒေါက်တာ သာထွန်းကျော်က ပြောဆိုသည်။

တစ်နိုင်ငံလုံးသို့ ငှက်ဖျားရောဂါ ကာကွယ် ကုသဆေးကို ကျန်းမာရေး ဝန်ကြီးဌာန၊ Population Services International (PSI) နှင့် AA Medical Product Co.,Ltd. တို့ ပူးပေါင်း ဖြန့်ချိလျက်ရှိပြီး ပုဂ္ဂလိ က ဈေးကွက်အတွက် AA Medical Product Co.,Ltd.က အဓိက ဖြန့်ဖြူးပေးကြောင်း ၎င်း၏ ပြောကြား ချက်အရ သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာနက ကောက်ခံထားသော စာရင်းများအရ ၂၀၁၁ ခုနှစ်တွင် ငှက်ဖျားရော ဂါ ဖြစ်ပွားသူ လေးသိန်းခန့် ရှိသည့်အနက် သေဆုံးသူ ၅၈၁ ဦး ရှိခဲ့ကြောင်း၊ ဆေးယဉ်ပါး ငှက်ဖျား အတွက်မူ စာရင်းဇယား အတိအကျ မကောက်ခံ နိုင်သေးကြောင်း သိရသည်။

The Voice

No comments:

Post a Comment