Pages

Wednesday, November 6, 2013

ပွင့်ဦးပရိဘောဂစက်ရုံ လေးနာရီကျော်ကြာ မီးလောင်

Wednesday, November 6, 2013

ဒဂုံ(အရှေ့)ပိုင်းမြို့နယ် ဒဂုံ(အရှေ့)စက်မှုဇုန်အတွင်းရှိ ပွင့်ဦးပရိဘောဂစက်ရုံသည် ယနေ့နံနက်တွင် ၀ါယာရှော့ မှစတင်ပြီး လေးနာရီကျော်ကြာ မီးလောင်ကျွမ်းမှုဖြစ်ပွားနေကြောင်း မီးငြိမ်းသတ်နေသော မီးသတ် တပ်ဖွဲ့ဝင် များ ထံမှ သိရသည်။

ပွင့်ဦး ပရိဘောဂနှင့် မွေ့ယာစက်ရုံသည် နံနက် ၆နာရီမိနစ်၃၀မှ စတင်လောင်ကျွမ်းနေပြီး နံနက် ၁၀နာရီကျော် ထိ မီးမငြိမ်းဘဲ တငွေ့ငွေ့လောင်ကျွမ်းနေကြောင်း၊ ယင်း မီးလောင်ကျွမ်းမှုကြောင့် ပွင့်ဦး စက်ရုံတစ်ရုံလုံး မီးလောင်ကျွမ်းပြီး အဆိုပါ မီးကို ငြိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇေယျက ပြောကြားသည်။

“နောက်မှ မေးပါ ကျွန်မအပူသောကရောက်နေလို့ပါ”ဟု ပွင့်ဦးပရိဘောဂ စက်ရုံပိုင်ရှင်တစ်ဦးဖြစ်သည့် အသက် အရွယ် ၃၀ကျော်အရွယ် တရုတ်အမျိုးသမီးတစ်ဦးက ငိုလျှက်ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ်အစီး ၅၀ကျော် လာရောက်ငြိမ်းသတ်နေပြီိး တငွေ့ငွေ့လောင် ကျွမ်းနေမှုကို နံနက် ၁၁နာရီ ၄၀ထိ ငြိမ်းသတ်နေကြောင်း ယင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ် အမှုဆောင် Nတင်ဝင်းက ဆိုသည်။

ပွင့်ဦးစက်ရုံမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမည်မျှရှိသည်ကို မတွက်ရသေးကြောင်း၊ ယင်းစက်ရုံကို ကမ္ဘောဇဘဏ်တွင် အာမခံထားထားကြောင်း ယင်းစက်ရုံထံမှ သိရသည်။

ကြည်ပြာ
People power

No comments:

Post a Comment