Pages

Monday, November 11, 2013

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အစိုးရနှင့်ပြဿနာမရှိ၍ လိုင်ဇာညီလာခံသို့မတက်ဟု အကြောင်းပြန်

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) အနေဖြင့် အစိုးရနှင့် မည်သည့် ပြဿနာမှ မရှိ သဖြင့် ကေအိုင်အို ဌာနချုပ်တွင်ပြုလုပ်သော လိုင်ဇာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် များ ညီလာခံသို့ မတက်ရောက်ခြင်းဖြစ်သည်ဟု အကြောင်းပြန်ကြောင်း သတင်းရရှိသည်။

““ “၀”ဆို လူတွေက သိပ်ကြောက်ကြတာ။ “၀” က ဘာပြောလဲ ဆိုတော့ နိုင်ငံတော် အစိုးရ နဲ့ ပြဿနာဖြစ် တာမရှိဘူး။ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ အပစ်အခတ်ရပ်စဲဖို့လည်းမလိုဘူး။ ဘာပဲ လုပ်လုပ် နိုင်ငံတော် အစိုးရနဲ့ ပေါင်းလုပ်မယ်။ ဒါကြောင့် လိုင်ဇာဆွေးနွေးပွဲကို လာစရာမလိုဘူးလို့ အကြောင်းပြန်တယ်””ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကပြောသည်။
နိုဝင်ဘာ ၁၀ရက်က မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင်ပြုလုပ်သော နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၂ရက်အထိ ကေအိုင်အေဌာနချုပ်တွင်ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ဖွဲ့ တက်ရောက် ခဲ့ပြီး  (UWSA)အပြင် ABSDF နှင့် နာဂအဖွဲ့တို့ပါ မတက်ရောက်ခဲ့ကြောင်း ၀န်ကြီးဦး အောင်မင်းက ဆိုသည်။

(UWSA)အဖွဲ့သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီး ယခုနှစ်လယ်ပိုင်း က နှစ်ဖက်တပ်များ တင်းမာမှုတစ်ကြိမ်ဖြစ်ပေါ်ခဲ့သည်။

7Day Daily

No comments:

Post a Comment