ရန်ကုန်၊ နိုဝင်ဘာ ၂၀
မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရာတွင် လက်ရှိ ရွေးချယ် ထားသော ပြည်ပ ကုမ္ပဏီများသာမက ပြည်တွင်း လုပ်ငန်းရှင်များနှင့်ပါ ပူးပေါင်း ဆောင် ရွက်မည် ဖြစ်ကြောင်း တယ်လီနော မြန်မာ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ပြောကြားသည်။
တယ်လီနော ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရန် ဆွီဒင် ဆက်သွယ်ရေး ကုမ္ပဏီ Ericsson၊ အိန္ဒိယ နည်းပညာကုမ္ပဏီ Wipro နှင့် တရုတ် ဆက်သွယ်ရေး ကုမ္ပဏီ Huawei တို့ကို ရွေးချယ်ထားပြီး နားလည်မှု စာချွန် လွှာ ရေးထိုး ထားကြောင်း တယ်လီနော မြန်မာက ပြောကြားထားသည်။
တယ်လီနော၏ ဆက်သွယ်ရေး ကွန်ရက်အတွက် အဆိုပါ ကုမ္ပဏီများက နည်းပညာ ၊ ဆော့ဖ်ဝဲနှင့် အခြား လိုအပ်သော ဆက်သွယ်ရေး ပစ္စည်းများ ပံ့ပိုးရမည် ဖြစ်ကာ လိုအပ်သော အခြေခံ အဆောက်အဦများ တည်ဆောက်ပြီး မိုဘိုင်းလ်၊ အင်တာနက်နှင့် အခြား ဆက်သွယ်ရေး ဝန်ဆောင်မှု များကို ဖြန့်ကြက် ဝန်ဆောင်မှု ပေးမည် ဖြစ်ကြောင်း တယ်လီနော ကုမ္ပဏီ ထံမှ သိရသည်။
“ပြည်တွင်း ကုမ္ပဏီတွေက လိုအပ်ပါတယ်။ ဘယ်လောက် နည်းပညာမြင့်တဲ့ Vendor တွေ ခေါ်သွင်းလာလာ ဒေသ ကျွမ်းကျင်မှုလို အခက်အခဲတွေမှာတော့ ပြည်တွင်း ကုမ္ပဏီတွေ ကို အားကိုးရမှာပဲ။ ပြည်တွင်း ကုမ္ပဏီတွေ အတွက်လည်း အတွေ့အကြုံ ရတာပေါ့” ဟု ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။
တယ်လီနော ကုမ္ပဏီနှင့် ဆက်သွယ်ရေး ကွန်ရက်များ မျှဝေ သုံးစွဲရန် သဘောတူညီ ထား သည်ဟု ဆိုသော တင်ဒါအောင် ကာတာ ကုမ္ပဏီ အော်ရီဒူးကလည်း Nokia ကုမ္ပဏီကို ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရန် ရွေးချယ်ထားကြောင်း ဆက်သွယ်ရေး လုပ်ငန်း အသိုင်းအဝန်း ထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly
No comments:
Post a Comment