5.11.2013
ရွှေဂုံတိုင် ခုံးတံတားကို နိုဝင်ဘာလ တတိယပတ်မှာ
စတင်အသုံးပြုနိုင်မှာဖြစ်ပြီး လက်ရှိမှာတော့ ၉၀ ရာခိုင်နှုန်းကျော်
ပြီးစီးနေပြီလို့ သိရပါတယ်။ ‘နိုဝင်ဘာ တတိယပတ်လောက်မှာ အပြီးသတ်နိုင် ဖို့
မျှော်မှန်းထားတယ်၊ တံတားတည်ဆောက်မှုကြောင့် ပျက်စီးသွားတဲ့ လမ်းတွေကို
မြို့တော်စည်ပင်နဲ့ ပူးပေါင်းပြီး ပြန်လည်ပြုပြင်ပေးသွားမှာ’ လို့ Capital Development Limited မှ စီမံကိန်းမန်နေဂျာ ကိုကျော်နိုင်လင်းက ပြောပါတယ်။
ရွှေဂုံတိုင်ခုံးတံတား တည်ဆောက်မှုကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က
စတင် တည်ဆောက်ခဲ့ တာ ဖြစ်ပြီး လေးလမ်းသွား ခုံးတံတား ဖြစ်တယ်။ အဆိုပါ
တံတားတည်ဆောက်မှု ပြီးစီးပါက ယာဉ်ကြော ပိတ်ဆို့မှုရဲ ၅၀ ရာခိုင်နှုန်းခန့်ကို
ဖြေလျှော့ပေးသွားနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ၎င်းတံတား
တည်ဆောက်ဖို့အတွက် ခန့်မှန်းထားတဲ့ ကုန်ကျငွေမှာ ကျပ်သန်း ၁၇.၄၄ ဖြစ်ပြီး
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ရဲ့ ခွင့်ပြုထားတဲ့ ငွေကြေးမှာ ၁၃.၈ သန်း ဖြစ်တယ်လို့လည်း
သိရပါတယ်။
ဒါ့အပြင် တံတား တည်ဆောက်မှုတွေကြောင့် ပိတ်ဆို့ထားတဲ့
လမ်းတွေကိုလည်း ပြန်လည်ဖွင့်လှစ်ပေးပြီး သည်တံတား တည်ဆောက်မှုနဲ့ ပတ်သက်တဲ့
ကြံ့ခိုင်မှု၊ ပြီးစီးမှုတွေကို နိုဝင်ဘာလ ၅ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲ
ပြုလုပ်သွားမယ်လို့လည်း သိရကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့ထုတ်
ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Ref : Khit Lu Nge
No comments:
Post a Comment