Pages

Sunday, November 17, 2013

နိုင်ငံတော် သမ္မတနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းအား သီးခြားစီ လက်ခံတွေ့ဆုံ

17.11.2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲအား နိုဝင်ဘာ ၁၆ ရက်က နေပြည်တော်၌ သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲနှင့် အဖွဲ့အား နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့ပြီး ထိုသို့ တွေ့ဆုံရာတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ပြီး အလုပ် အကိုင် အခွင့်အလမ်းများ ရရှိရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက်မီးလင်းရေးနှင့် လျှပ်စစ် ကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း နိုဝင်ဘာ ၁၆ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း မစ္စတာတိုနီဘလဲ ဦးဆောင်သည့် ကိုယ် စားလှယ် အဖွဲ့ အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ ဆုံခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment